မတ်လ တတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ နှမ်းညို၊ နှမ်းဂွနက်မြင့်တက်နေပြီး နှမ်းနက်၊ မြေပဲလုံးဆန်နီ ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။မတ်လ တတိယပတ်တွင် နှမ်းညို တစ်တင်း ၁၀၂၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၂၈၀၀၀ကျပ်၊ နှမ်းဂွနက် တစ်တင်း ၁၈၀၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၃၂၀၀၀ ကျပ်၊ နှမ်းဂွနက် တစ်တင်း ၁၇၅၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၄၀၀၀ ကျပ်ခန့်ကျဆင်းနေပြီး နှမ်းဂွနက် တစ်တင်း ၁၂၀၀၀ကျပ်၊ နှမ်းညို တစ်တင်း ၅၀၀၀ ကျပ် ခန့်မြင့်တက်နေကြောင်းသိရသည်။
မတ်လ တတိယပတ်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၂၅၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၃၀၀-၈၄၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံး ဆန်နီ တစ်ပိဿာ ၁၅၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၄၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၄၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၂၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၃၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး