Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အသားစားကြက်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အသားစားကြက်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ်မှ မွေးမြူရေးနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးမော်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလအတွင်းက အသားစားကြက်ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ အသားစားကြက် ပိဿာချိန် ၇၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေ အကောင်လိုက် အရှင်ကို ပိဿာချိန်နဲ့တင်ပို့ရောင်းချနေပါတယ်။ ဖေ‌ဖော်ဝါရီလအတွင်း အသားစားကြက် ပိဿာချိန် အများအပြား တင်ပို့ရောင်းချခဲ့ရပါတယ်။ ညောင်တုန်းမြို့ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေအပြင် အခြားရေထွက်ကုန်တွေကိုလဲ တင်ပို့ရောင်းချနေပါတယ်။ အသားစားကြက်တွေ အများအပြား တင်ပို့ရောင်းချခဲ့ရတော့ အသားစားကြက် မွေးမြူရေးနဲ့ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာတာတွေ့ရပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ မွေးမြူရေးနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမော်က ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် အသားစားကြက် ၁၀ ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါ အသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း ပွဲရုံပိုင်ရှင် ဒေါ်အေးမော်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News