International News

မလေးရှားနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် စားအုန်းဆီကို ဇီဝစွမ်းအင်အဖြစ် အသုံးချရန် စီမံဆောင်ရွက်လျက်ရှိ

Last Updated:

မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့သော စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအာဏာပိုင်အဖွဲ့(Sustainable Energy Development Authority-Seda)သည် မလေးရှားကျွန်းဆွယ်ဒေသတွင် စားအုန်းဆီစက်ရုံမှ လျှပ်စစ်ဓာတ်အား ၅၁.၈၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပါသည်။

နေရောင်ခြည်နှင့် ရေအားကဲ့သို့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ကုန်ခမ်းလာမှုကို ဖြည့်တင်းနိုင်ရန်အတွက် နျူကလီးယား၊ ဇီဝလောင်စာ၊ဇီဝဓာတ်ငွေ့အစရှိသည့်ကာဗွန်ထွက်ရှိမှုလျော့နည်းသည့် စွမ်းအင်အရင်း အမြစ်များအား လေ့လာထားသည့် တွေ့ရှိချက်များအပေါ်အခြေခံ၍ စွမ်းအင်ပုံစံပြောင်းလဲခြင်းနှင့် ရေအရင်းအမြစ်ပြောင်းလဲအသုံးချခြင်းဆိုင်ရာ ဒုတိယဝန်ကြီး Datuk Seri Rahman Mohamad က လျှပ်စစ်စွမ်းအင်ပြုပြင်ပြောင်းလဲရေးအဖွဲ့(Power Electric Reform Corp)၏ စီမံကိန်းရုံးနှင့်ပူးပေါင်း၍ ရေရှည်အသုံးချနိုင်မည့် နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဖြစ်နိုင်ခြေရှိ/မရှိလေ့လာလျက်ရှိကြောင်း၊ လေ့လာဆန်းစစ်ချက်များအောင်မြင်ပါက အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံ၏ဇီဝဓာတ်ငွေ့ ၁ ရာခိုင်နှုန်းခန့်ကိုသာအသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါ သည်။

မလေးရှားနိုင်ငံ၏စွမ်းအင်လုံခြုံစိတ်ချရစေရေးအစီအမံသည် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းဆောင်ရွက်သည့်ပုံစံဖြစ်ပြီး တစ်ဖက်တွင်လည်း ကာဗွန်ထွက်ရှိမှုလျော့နည်းသည့်စွမ်းအင်အရင်းအမြစ်များကို အနာဂတ်တွင် ပိုမိုအသုံးချနိုင်ရေးကို ဦးတည်သည့်အတွက် နိုင်ငံတွင်း လုံလောက်သောစွမ်းအင်ရရှိမှုကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါ သည်။

ရင်းမြစ်။ The Star သတင်းစာမျက်နှာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News