Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မတ်လ တတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ပြောင်းနီ ဈေးငြိမ်နေပြီး ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊  ပဲကြီး၊ မတ်ပဲ၊ ပုဂံပဲ၊ ပဲတီစိမ်းသေး၊ ပဲစဉ်းငုံ၊ ပဲယင်းဝါ၊ ပဲလွန်းပြာ၊  ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ  929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၆၀၀၀)ကျပ်၊ ပဲကြီး (၇၅၅၀၀-၇၈၅၀၀) ကျပ်၊ မတ်ပဲ(၈၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၅၀၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၁၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၈၀၀၀) ကျပ်၊ ပဲယင်းဝါ (၅၈၀၀၀)ကျပ်၊ ပုဂံပဲ(၉၀၀၀၀-၉၂၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၅၀၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၇၉၀၀၀)ကျပ်၊ ကုလားပဲဖြူလုံး သေး (၈၀၅၀၀)ကျပ်၊ ကုလားပဲ 929 (၇၇၅၀၀)ကျပ်၊ ပဲလွန်းပြာ (၅၈၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၄၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၇၀၀၀)ကျပ်၊ ပဲကြီး(၈၈၀၀၀-၉၁၀၀၀)ကျပ်၊ မတ်ပဲ (၈၉၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၂၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၈၅၀၀) ကျပ်၊ ပဲယင်းဝါ (၆၂၀၀၀)ကျပ်၊ ပုဂံပဲ (၉၂၅၀၀)ကျပ်၊ CP ပြောင်းဖူးစေ့(၁၅၈၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၄၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၂၅၀၀)ကျပ်၊  ပဲလွန်းပြာ (၅၉၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်း ယှဉ်ပါက  ဂျုံဖြူသန့် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၁၂၅၀၀)ကျပ်၊မတ်ပဲ တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင်  (၆၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၅၀၀) ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ပုဂံ တစ်တင်းလျှင် (၅၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၈၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင်(၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၃၅၀၀)ကျပ်၊ ကုလားပဲ  929 (၅၀၀၀)ကျပ်၊ ပဲလွန်းပြာ တစ်တင်းလျှင် (၁၀၀၀)ကျပ် နှုန်းကျဆင်းနေကြောင်းသိရသည်။

Category: Local News