Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာ နှမ်းညို၊ နှမ်းဖြူ ဈေးငြိမ်၍ မြေပဲလုံးဆန်နီ၊မြေပဲဆီဆန်ဖြူ ကျဆင်းနေပြီး  နှမ်းနက် ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း နှမ်းညို တစ်တင်း  ၁၀၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၀၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၁၈၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၇၀၀၀ကျပ်ခန့်မြင့် တက်နေ ကြောင်းသိရသည်။

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၇၀၀- ၈၉၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၄၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၁၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၉၀၀-၉၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက  မြေပဲဆီဆန်ဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ်နှင့် မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ၂၀၀ကျပ်ကျဆင်းသွားကြောင်းသိရသည်။ ယခုပတ် အတွင်း ပဲဆီတစ်ပိဿာ ၁၅၀၀၀- ၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၅၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News