Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ ၊မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူများ ဈေးငြိမ်၍ နှမ်းညို၊ နှမ်းနက် ၊မြေပဲလုံးဆံနီ ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ မေလ နောက်ဆုံးပတ်အတွင်း နှမ်းညို တစ်တင်း ၁၀၇၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀ - ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀ -၁၃၇၀၀၀ကျပ်ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၈၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၅၀၀၀-၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၁၀၀၀၀-၁၃၀၀၀၀ ကျပ်ရှိ၍ ယခင်ပတ်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၉၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၇၀၀၀ကျပ် မြင့်တက်နေပြီး နှမ်းဖြူဈေးငြိမ်နေကြောင်းသိရသည်။

မေလ နောက်ဆုံးပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၆၀၀-၆၈၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၈၅၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၅၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၆၀၀-၆၈၅၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၄၀၀ ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ ၃၀၀ကျပ် အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၁၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၅၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၁၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

Category: Local News