Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညိုဈေးငြိမ်၍ နှမ်းဖြူ ၊မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ ဈေးနှုန်းများ ကျဆင်းနေပြီး နှမ်းနက် ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ ဇွန်လ နောက်ဆုံးပတ်တွင် နှမ်းညို တစ်တင်း ၁၀၀၀၀၀- ၁၀၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀-၁၄၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၂၈၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၀၀၀၀-၁၀၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၅၀၀၀ -၁၃၉၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၄၂၀၀၀ ကျပ်ရှိ၍ ယခုအပတ်နှင့် ယခင်အပတ် ကာလတူ နှိုင်း ယှဉ်ပါက နှမ်းညို ဈေးငြိမ်၍ နှမ်းနက် တစ်တင်း ၃၀၀၀ကျပ် မြင့်တက်နေပြီး နှမ်းဖြူ တစ်တင်း ၁၁၀၀၀ ကျပ် ကျဆင်းနေကြောင်းသိရသည်။

ဇွန်လနောက်ဆုံးပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၂၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၅၀၀-၇၆၀၀ကျပ်၊ မြေပဲဆီဆံဖြူ  တစ်ပိဿာ ၇၀၀၀-၇၃၀၀ကျပ်၊ ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာမြေပဲလုံးဆံနီ တစ်ပိဿာ ၇၃၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၆၀၀-၇၉၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၃၀၀ကျပ်နှင့် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၁၀၀ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ် ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၈၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၇၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Category: Local News