Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ နှမ်းနက် ဈေးနှုန်းများ မြင့်တက်၍ မြေပဲလုံးဆံနီ၊မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ‌ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၁၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၂၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၈၀၀၀-၁၃၁၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာနှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၂၅၀၀၀-၁၃၀၀၀၀ ) ကျပ်ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညိုနှင့်နှမ်းဝါ တစ်တင်းလျှင် (၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၀၀) ကျပ်မြင့်တက်နေကြောင်းသိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၆၀၀-၆၈၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်ရှိပြီး  ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၁၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်၊  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံ/ဆီဆံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၈၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၂၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News