Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်လကုန်နှင့်ယခုလကုန်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေ မှာ နှမ်းဖြူ၊ နှမ်းနက်နှင့် မြေပဲဆီဆန်ဖြူ ဈေးငြိမ်၍ မြေပဲလုံးဆန်နီ ဈေးကျဆင်းနေပြီး နှမ်းညို၊ မြေပဲလုံးဆန်ဖြူ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇန်နဝါရီလကုန်တွင် နှမ်းညို တစ်တင်း  ၁၀၃၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၂၀၀၀၀ ကျပ်ဖြစ်ကာ ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၂၅၀၀၀ကျပ်ရှိ၍ ယခုလကုန်နှင့် ယခင်လကုန်ကာလတူနှိုင်းယှဉ်ပါက နှမ်းဖြူနှင့် နှမ်းနက်ဈေးငြိမ်နေပြီး  နှမ်းညို တစ်တင်း ၃၀၀၀ကျပ် ခန့်မြင့်တက်နေကြောင်းသိရသည်။

ဇန်နဝါရီလကုန်တွင် မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၀၀၀-၉၁၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ်ရှိပြီး ယခင်လကုန် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၆၀၀- ၈၈၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၃၀၀-၈၆၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ တစ်ပိဿာ ၂၀၀ကျပ် ကျဆင်းနေပြီး မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၃၀၀ကျပ်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီ တစ်ပိဿာ  ၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၅၀၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၆၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News