Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်လနှင့်ယခုလနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လအတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇူလိုင်လအတွင်း နှမ်းညို တစ်တင်း ၁၁၀၀၀၀- ၁၁၃၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀- ၁၆၅၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၅၀၀၀-၁၃၅၀၀၀ကျပ်ဖြစ်ကာ ယခင်လ ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၀၀၀၀-၁၀၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၂၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀- ၁၄၅၀၀၀ကျပ်ရှိ၍ ယခုလနှင့် ယခင်လ အတွင်း ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၈၀၀၀ကျပ်ခန့်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀ကျပ်ခန့်နှင့် နှမ်းဖြူ တစ်တင်း ၇၀၀၀ ကျပ်ခန့်နှုန်း မြင့်တက်နေကြောင်းသိရသည်။

ဇူလိုင်လအတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၈၄၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၈၀၀-၉၀၀၀ကျပ်ရှိပြီး ယခင်လကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၃၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၇၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်ခန့်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၁၃၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။ ယခုလအတွင်း ပဲဆီတစ်ပိဿာ ၁၆၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၄၂၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၀၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၀၇၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News