International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုတွင် ခိုင်မာသော တိုးတက်မှုရရှိ

Last Updated:

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၁.၂၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၀.၉၅ ဘီလီယံခန့်)ရှိကာ ယခင်နှစ်ကာလတူထက် ၁၀.၅ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်ဆိုင်ရာအချက် အလက်များ အရသိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောက်ခွန်ရှင်းလင်းရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ရှေ့ပြေးဇုန်များ တည်ထောင်ခြင်းအပါအဝင် မူဝါဒပံ့ပိုးဆောင်ရွက် မှုများကြောင့် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်ကြောင်း၊ လာမည့်ကာလများတွင်လည်း တရုတ်နိုင်ငံအနေဖြင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူချောမွေ့စေပြီး နယ်စပ်ဖြတ်ကျော်  e-commerce ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ဝန်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Lyu Daliang မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

Source: China's cross-border e-commerce trade posts solid growth - People's Daily Online

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: International News