Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန် သီးနှံများဖြစ်သော မတ်ပဲ၊ ထောပတ်ပဲ၊ ပဲနီလုံးကြားဈေးငြိမ်၍ ဆန်ပြောင်းဖြူ၊ ပဲနီလုံးရိုးရိုး၊ ပြောင်းနီဈေးနှုန်းများမြှင့်တက်နေပြီး ပဲစဉ်းငုံ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ်တင်း ပေါက်ဈေးနှုန်းများမှာ   မတ်ပဲ ၈၀၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၉၁၀၀၀ကျပ်၊ ပဲစင်းငုံ ၈၇၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၈၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၉၅၀၀၀-၁၀၀၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၃၀၅၀၀ ကျပ်၊ ပြောင်းနီ ၂၅၀၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၆၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၄၀၀၀ ကျပ်၊  ကုလားပဲဖြူလုံး သေး ၇၄၀၀၀ ကျပ်၊  ကုလားပဲ 929 ၇၄၀၀၀ ကျပ်၊ ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ မတ်ပဲ ၈၀၀၀၀-၁၀၀၀၀၀ကျပ်၊ ပဲစင်းငုံ  ၉၀၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၉၅၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၁၀၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၀၀၀၀၀ ကျပ်၊ ပြောင်းနီ ၂၄၅၀၀ ကျပ်၊ ဆန်ပြောင်းဖြူ ၂၆၀၀၀ကျပ် ၊ ကုလားပဲ ဖြူလုံးကြီး  ၇၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၅၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၆၀၀၀ ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက   ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် ၅၀၀ကျပ်နှုန်းမြှင့်တက်နေပြီး  ပဲစင်းငုံ တစ်တင်းလျှင် ၃၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ကုလားပဲ ဖြူလုံးသေး တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၂၀၀၀ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။   

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News