Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေအနေမှာ မြေပဲလုံးဆန်နီ ဈေးငြိမ်၍ နှမ်းဖြူ၊ နှမ်းနက် ကျဆင်းနေပြီး နှမ်းညို၊ မြေပဲလုံးဆန်ဖြူ၊ မြေပဲဆီဆန်ဖြူ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်အတွင်း နှမ်းညို တစ်တင်း  ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀-၂၁၇၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀-၁၁၇၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၇၅၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၀၀၀၀- ၁၂၀၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၀၀၀၀၀- ၂၂၃၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၆၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၃၀၀၀ ကျပ်ခန့် ကျဆင်းနေပြီး နှမ်းညို တစ်တင်း ၅၀၀ကျပ်ခန့် မြင့်တက်နေကြောင်းသိရသည်။

ဇန်နဝါရီလ ဒုတိယပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၇၀၀- ၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၆၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၈၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၈၄၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်ဖြူနှင့် မြေပဲဆီဆန်ဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ် နှုန်းမြှင့်တက်နေပြီး မြေပဲလုံးဆန်နီဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၅၀၀၀- ၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀-၁၄၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၆၄၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၄၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News