တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့် ရရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အောက်ဖော်ပြပါကုန်စည်အမျိုးအစား(၁၈)ခုတို့ကို တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်-
(က) အသားနှင့် အသားထုတ်ကုန်များ
( ခ ) ရေထွက်ကုန်များ
( ဂ ) နို့ထွက်ပစ္စည်းများ
(ဃ) ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များ
( င ) အဆာသွတ်ရန် အသုံးပြုသည့် အပေါ်ခွံ
( စ ) ပျားရည်နှင့် ပျားထွက်ပစ္စည်း
(ဆ) ဥနှင့်ဥထုတ်ကုန်များ
( ဇ ) စားသုံးဆီ
(ဈ) အပြင်အသားအားဂျုံသားဖြင့် ပြုလုပ်ထားပြီးစားသုံးနိုင်သည့်(သို့မဟုတ်) အေးခဲထား သည့်ထုတ်ကုန်များ
(ည) စားသုံးနိုင်သောအစေ့အဆံများ
( ဋ ) ကြိတ်ခွဲသီးနှံ ထွက်ကုန်များနှင့်မုယောစပါး၊
( ဌ ) လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ရေဓာတ်ထုတ်ထားသောဟင်းသီးဟင်း ရွက်များ
( ဍ ) ပဲမျိုးစုံ
( ဎ ) အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ
(ဏ) အခွံမာသီးနှင့်အစေ့အဆံများ
(တ) သစ်သီးခြောက်များ
(ထ) မလှော်ထားသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ
( ဒ ) အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ
ကုန်စည်အုပ်စုအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)တွင် မှတ်ပုံတင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များမှာ စိုက်ပျိုး ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့ဖြစ်ကြပါသည်။ အဆိုပါကုန်စည်အမျိုးအစား(၁၈)အုပ်စု၌ ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို ထုတ်လုပ်/ တင်ပို့မည့်လုပ်ငန်းများ အနေဖြင့် တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက် အစီအစဉ်ဖြစ်သည့် https://cifer.singlewindow.cn သို့ ဝင်ရောက်၍ ကိုယ်တိုင် Account ဖွင့်လှစ်ကာ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့အထိ ကုမ္ပဏီ/စက်ရုံ(၁၆၀၄)ခုမှပေးပို့ထားသည့်စောင်ရေ စုစုပေါင်း(၃၂၄၉)စောင်အား မှတ်ပုံတင်ရန်လျှောက်ထားပြီးဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄၄၇) ခု၊ စောင်ရေ (၃၀၉၂) စောင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ကုမ္ပဏီ/စက်ရုံ (၁၃၄)ခု၊ စောင်ရေ(၁၃၄)စောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ(၁၄) ခု၊ စောင်ရေ (၁၄) စောင်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ(၉) ခု၊ စောင်ရေ (၉) စောင် ဖြစ်ပါသည်။
အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ အပါအဝင်ကုန်စည်များအား တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ မှတ်ပုံတင်ပေးပြီးဖြစ်သည့်လုပ်ငန်းများစာရင်းအား တရုတ်နိုင်ငံ၏ ပြတင်းတစ်ပေါက်အစီအစဉ် https: //ciferquery.singlewindow.cn/ ၌ဖော်ပြထားပါသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ အောက်ဖော်ပြပါ စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု (၇)မျိုးကို ပြောင်းလဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်-
(က) ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ (cocoa beans) {Unroasted coffee beans and cocoa beans}
( ခ ) ဟင်းသီးဟင်းရွက်အစိမ်းများ {Fresh and dehydrated vegetables}
( ဂ ) ဟင်းခတ်အမွှေးအကြိုင်များ {Plant Seasonings (Plant Species)}
(ဃ) စားသုံးနိုင်သည့် အစေ့အဆံများ {Edible grains}
( င ) ပဲမျိုးစုံ { Dried Beans}
( စ ) ဆီထွက်အပင်များ {Oilseeds (Oil Plant)}
(ဆ) တရုတ်တိုင်းရင်းဆေးထုတ်လုပ်သည့်တိရစ္ဆာန်(သို့မဟုတ်) အပင်မူရင်းများ {Chinese Traditional Medicines}
အဆိုပါကုန်စည်အုပ်စု(၇)မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင် ရွက်၍ မရပါ။ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်။ စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။ သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority)ကသာ ၎င်းလျှောက် ထားမှုကို ဆောင်ရွက်နိုင်ပြီးစာ (သို့မဟုတ်) Email ဖြင့် [email protected] သို့ ပေးပို့ရမည်ဖြစ်ပါသည်။ သို့မဟုတ် မြန်မာ နိုင်ငံရှိ တရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။
အဆိုပါ https://ciferquery.singlewindow.cn/ Website တွင် online စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့အထိ မြန်မာ နိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့်ကုန်စည်အုပ်စုအပါအဝင် စုစုပေါင်းစောင်ရေ (၁၀၅၄) စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
http://dzs.customs.gov.cn/ Website တွင် Manual စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက် ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးဖြစ်သည့်စာရင်းများကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနှင့် Email တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
GACC, ရုံးလုပ်ငန်းအဖွဲ့
ပြည်တွင်းကုန်သွယ်မှုဌာနခွဲ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ဖုန်းအမှတ်-၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၇
Email: [email protected]