International News

ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ ဂျိုဟိုးတွင် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

Last Updated:

စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့မှ တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှ ၃၀ ရက်အထိ ဂျိုဟိုးတွင် ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒေသတွင်း၌ စီးပွားရေးဝန်းကျင်စနစ် ပိုမိုခိုင်မာအားကောင်းလာစေရေး၊ စင်ကာပူနိုင်ငံနှင့်ဂျိုဟိုးအကြား ကုန်စည်စီးဆင်းမှုတိုးတက်စေရေးနှင့် လူပုဂ္ဂိုလ်ဖြတ်သန်းသွားလာမှု တိုးတက်စေရေးဦးတည်၍ စီးပွားရေးကဏ္ဍများ၊ လူပုဂ္ဂိုလ်နှင့်ကုန်စည်ဖြတ်သန်းသွားလာခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုလွယ်ကူစေခြင်း၊ ကျွမ်းကျင်မှုတိုးတက်စေခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

နှစ်နိုင်ငံအနေဖြင့် ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန်ကို စီးပွားရေးနှင့်လူမှုအသိုက်အဝန်းအတွက် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အထူးစီးပွားရေးဇုန်အဖြစ်သတ်မှတ်ထားပြီး စင်ကာပူနိုင်ငံအနေဖြင် ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရန် သဘောတူစာချုပ်မှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရေး မလေးရှားနိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် 11th Malaysia-Singapore Leaders’ Retreat တွင် ဆက်လက် ဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

Socure -  Ministry of Trade and Industry

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News