International News

ထိုင်းနိုင်ငံအတွင်း၌ စက်သုံးဆီကုန်သွယ်မှုကို ထိန်းညှိပေးရန် စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်အပေါ် PTT Oil and Retail Business (OR) က စိတ်အားထက်သန်လျက်ရှိ

Last Updated:

ရေနံစိမ်းဈေးနှုန်းအတက်အကျများနှင့်စပ်လျဉ်း၍ PTT Oil and Retail Business (OR) က ၎င်း၏ စက်သုံးဆီလက်ကားရောင်းချမှုအပေါ် သက်ရောက်မှုရှိနေသော်လည်း စက်သုံးဆီကုန်သွယ်မှုနှင့် ဈေးနှုန်းများအပေါ် ပိုမိုကောင်းမွန်ရန်ထိန်းညှိပေးမည့် စွမ်းအင်ဝန်ကြီးဌာန၏ အစီအစဉ်အတွက် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။

အိမ်‌စောင့်အစိုးရ စွမ်းအင်ဝန်ကြီး H.E Mr. Pirapan Salirathavibhaga က ပြည်တွင်း စက်သုံး ဆီနှင့် ဟင်းချက်သုံးဓာတ်ငွေ့ဈေးနှုန်းများအတွက် ဥပဒေသစ်အောက်မှ အခွန်များနှင့် ထောက်ပံ့မှု ဆိုင်ရာ ထိန်းညှိရန် စွမ်းအင်အာဏာပိုင်များကို လုပ်ပိုင်ခွင့်ပေးသွားမည်ဟု တွေ့ဆုံမေးမြန်းစဉ်တွင် ပြောကြားခဲ့မှုအရ စတော့ခ်ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို သက်သာစေခဲ့ပါကြောင်း၊ စက်သုံးဆီ အပေါ် ကောက်ခံမည့် သင့်လျော်သော အခွန်နှုန်းထားများကို ဥပဒေသစ်အောက်မှကော်မရှင်အသစ် က ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတာဝန်ကို လက်ရှိတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီး ဥပဒေသစ် အသက်ဝင်လာပါက ဘဏ္ဍာရေး အရာရှိများကသာလျှင် အခွန်ကောက်ခံရန် တာဝန်ရှိတော့မည်ဖြစ်ကြောင်း၊ ဥပဒေသည် စက်သုံးဆီနှင့်ဓာတ်ငွေ့ဈေးနှုန်း ထောက်ပံ့မှုများကြောင့် ဆုံးရှုံးမှုကြီးမားလျက်ရှိသော Oil Fuel Fund Office ကို အကျိုးကျေးဇူးရှိစေမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

စွမ်းအင်အာဏာပိုင်များက သန့်စင်ပြီးနှင့်စက်သုံးဆီလက်လီဈေးနှုန်းအပေါ်တွင်လည်း ထိန်းညှိပေးလိုကြကြောင်း၊ ဥပဒေသစ်သည် စက်သုံးဆီ လက်လီရောင်းချသူများ၏ အမြတ်တွင် အတားအဆီးဖြစ်စေမည်ဟု မထင်မိပါကြောင်း၊ အာဏာပိုင်များအနေဖြင့် ကုန်ကျစရိတ်များ ဖြတ်တောက်ပြီးနောက် စက်သုံးဆီလက်လီရောင်းချသူများမှ ရရှိမည့် အမြတ်ဖြစ်သော ဈေးကွက် margin ကို သက်ရောက်နိုင်မည့် ဈေးနှုန်းထိန်းချုပ်မှုများ မဆောင်ရွက်နိုင်ပါကြောင်း၊ စက်သုံးဆီကုမ္ပဏီများမှ ရရှိလာသော သတင်းအချက်အလက်များအရ ဥပဒေသစ်ဖြင့် မည်သို့ ဆောင်ရွက်ရမည်ကို သိရှိပါကြောင်း OR ၏ အကြီးတန်းအရာရှိ Ms. Wilaiwan Kanjanakanti က သုံးသပ်ပြောကြားပါသည်။

ဥပဒေရေးဆွဲနေစဉ်တွင် လိုအပ်သော အချက်အလက်များကို ကုမ္ပဏီအနေဖြင့် ပံ့ပိုးပေးခဲ့ပါ ကြောင်း၊ ဇွန်လအဆုံးပိုင်းတွင် ပြည်တွင်းစက်သုံးဆီ လက်ကားဈေးကွက်တွင် ကုမ္ပဏီ၏ ဈေးကွက်မျှ ဝေမှု ၄၀ ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရခြင်းမှာ ဒီဇယ်ဆီဈေးနှုန်းကို ၁ လီတာလျှင် ၃၃ ဘတ်သို့ လျှော့ချခြင်းဖြင့် ဈေးနှုန်းထောက်ပံ့ပေးခဲ့မှုနှင့် ဆာရာဘူရိရှိ PTT စက်သုံးဆီ အရောင်းဆိုင်သည် မမျှတသော အလေ့အကျင့်များဖြင့် ရောင်းချနေသည်ဟု သတင်းအမှားများကြောင့် ဖြစ်ပါ ကြောင်း Ms. Wilaiwan က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News