International News

ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၀.၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ထိုင်းနိုင်ငံအတွင်း လတ်ဆတ်ဟင်းသီးဟင်းရွက်များနှင့် ရေလွှမ်းမိုးမှုကြောင့် သစ်သီးများ၏ ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဩဂုတ်လအတွင်း ငွေကြေး ဖောင်းပွမှုနှုန်းသည် ၀.၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အစားအစာဈေးနှုန်းများ  အထူးသဖြင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များနှင့် အချို့သောစိုက်ပျိုး ဧရိယာများတွင် ရေလွှမ်းမိုးမှုကြောင့် အထွက်နှုန်းကျဆင်းခဲ့ရာ သစ်သီးဈေးနှုန်းများ မြင့်တက်လာ သောကြောင့် ဩဂုတ်လအတွင်း Headline ငွေကြေးဖောင်းပွမှုသည် ၀.၃၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ဆန်၊ ကောက်ညှင်းဆန်နှင့် အသင့်စားအစားအစာဈေးနှုန်းများလည်း မြင့်တက်ခဲ့ပါကြောင်း၊ အခြား ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများ ပုံမှန်အခြေအနေရှိပါကြောင်း၊ စားသုံးသူဈေးနှုန်းညွှန် ကိန်းသည် ဩဂုတ်လအတွင်း ၀.၀၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစားအစာနှင့် အရက်မဟုတ်သော အဖျော်ယမကာအမျိုးအစားက ၀.၇၉ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ပါကြောင်း၊ Core Inflation (လတ် ဆတ်အစားအစာနှင့် စွမ်းအင်မပါ) သည် ၀.၆၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါကြောင်း ကုန်သွယ်ရေးမူဝါဒ နှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါ သည်။

စက်တင်ဘာလအတွင်း Headline ငွေကြေးဖောင်းပွမှုသည် အဓိက အချက် ၃ ချက်ပေါ် မူတည် ၍ မြင့်တက်နိုင်ကြောင်း၊ ယင်းအချက် ၃ ချက်မှာ အစိုးရသည် အထောက်အပံ့ပေးသည့် အစီအမံကို အဆုံးသတ်လိုက်သောကြောင့် ဒီဇယ်အတွက် သတ်မှတ်ဈေးနှုန်းသည် ၁ လီတာလျှင် ၃၃ ဘတ် ဖြစ်နိုင်ပြီး ယခင်နှစ် ကာလတူထက် မြင့်မားခြင်း၊ ရေလွှမ်းမိုးမှုကြောင့် အချို့သော စိုက်ပျိုးဧရိယာများ ပျက်စီးခဲ့ပြီး လတ်ဆတ်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဈေးနှုန်းများ မြင့်တက်စေနိုင်ခြင်းနှင့် ပထဝီ ဝင်နိုင်ငံရေး ပဋိပက္ခများကြောင့် အဓိကကုန်စည်ဈေးနှုန်းများ မသေချာမှု ဖြစ်စေခြင်းတို့ ဖြစ်ကြောင်း၊ အစိုးရအစီအမံကြောင့် လျှပ်စစ်ဈေးနှုန်း လျော့ကျခြင်းနှင့် လက်လီ/လက်ကား လုပ်ငန်းကြီးများ၏ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း စသည့် အချို့သော အချက်များကြောင့် ငွေကြေးဖောင်းပွမှုကို သက်သာစေ ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

e-commerce တိုးတက်လာမှုသည် ကုန်သွယ်မှုမြှင့်တင်‌ရေး မူဝါဒများသို့ ဦးတည်စေပြီး အထူးသဖြင့် ဈေးနှုန်းလျှော့ချပေးခြင်းတို့သည် အခြားသော အချက်များဖြစ်ကြောင်း၊ ဒူဘိုင်း ရေနံစိမ်း အခြေခံဈေးနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ယခုဈေးနှုန်းထက် မြင့်မားပါကြောင်း၊ ဒီဂျစ်တယ် ပိုက်ဆံအိတ် အစီအစဉ်သည် ငွေကြေးဖောင်းပွမှုကို မတိုးမြင့်စေသော်လည်း အိမ်ထောင်စုဝယ်ယူမှု စွမ်းအားကို မြှင့်တင်ပေးပါကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမြင့်တက်လာခြင်းနှင့် အစိုးရ၏ လောင်စာဆီနှင့် လျှပ်စစ်အပေါ် ထောက်ပံ့ပေးမှု ရပ်ဆိုင်းလိုက်ခြင်းတို့ကြောင့် စတုတ္ထလပတ်တွင် Headline ငွေကြေး ဖောင်းပွမှုသည် ပျမ်းမျှ ၁.၅ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း Headline ငွေကြေးဖောင်းပွမှုသည် ကျဆင်းနိုင်ပြီး ၀.၀ ရာခိုင်နှုန်းနှင့် ၁.၀ ရာခိုင်နှုန်းကြား ရှိနိုင်သည်ဟု စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၀.၈၃ ရာခိုင်နှုန်းရှိပြီး အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းနည်းသော နိုင်ငံဖြစ်ပြီး ၁၀၈ နိုင်ငံတွင် အဆင့် ၁၀ ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ဒုတိယအနည်းဆုံးနှုန်း ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News