International News

ဗီယက်နမ်နိုင်ငံသည် ဂျုံတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ရှစ်လတာကာလအတွင်း ဂျုံတန်ချိန် ၃.၆၄ သန်းခန့်ကို တင်သွင်းရန် အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း၊ ပမာဏမှာ ၁၈.၃ ရာခိုင်နှုန်း သိသိသာသာ တိုးလာသော်လည်း တန်ဖိုး ၆.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရှိရပါသည်။

ဂျုံတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ပျမ်းမျှ ၂၁.၂ ရာခိုင်နှုန်း ကျဆင်းလာခြင်းကြောင့် ဟုယူဆကြသည်။ဘရာဇီး၊ သြစတြေးလျ၊ ယူကရိန်း၊ အမေရိကန်နှင့် ကနေဒါတို့သည် ခုနစ်လတာကာလအတွင်း ဗီယက်နမ်ဈေးကွက်သို့ ဂျုံအများဆုံး တင်သွင်းသည့်နိုင်ငံများထဲတွင် ပါဝင်ကြောင်း သိရှိရပါသည်။ဂျုံတင်သွင်းမှု ပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၄၈.၉ ရာခိုင်နှုန်း သိသိသာသာ တိုးလာပြီး သွင်းကုန်တန်ဖိုးမှာလည်း ၂၀၅.၉ ရာခိုင်နှုန်းနီးပါး မြင့်တက် လာခဲ့ကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် ယူကရိန်းမှ ဗီယက်နမ်ဈေးကွက်သို့ သွင်းကုန်ပမာဏမှာ တန်ချိန် ၆၁၂,၈၀၀ အထိရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၉.၄ သန်းအထိ သိသိသာသာ မြင့်တက် လာခဲ့သည်။ ယူကရိန်းသည် အမေရိကန်နှင့် ကနေဒါတို့ကို ကျော်လွန်ကာ ဗီယက်နမ်သို့ တတိယအကြီးဆုံး ဂျုံတင်ပို့သူ ဖြစ်လာခဲ့သည်။ဗီယက်နမ်သည် လက်ရှိတွင် ကမ္ဘာပေါ်တွင် ဂျုံတင်သွင်းမှုအများဆုံး ၁၀ နိုင်ငံထဲမှ တစ်ခုဖြစ်ကြောင်း၊ ဂျုံတန်ချိန် ၅.၅ သန်းခန့် တင်သွင်းရန်အတွက် ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံအထိ သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။အထူးသဖြင့် တိရစ္ဆာန်အစာနှင့် အစားအစာ ပြုပြင်ရေး လုပ်ငန်းများတွင် ပြည်တွင်း၌ ဂျုံဝယ်လိုအား တိုးလာခြင်းကြောင့် တင်သွင်းမှု တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

Source: VOV.VN

( ဒေါ် ဝင့်နန္ဒာကျော်််ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်း )

 

Category: International News