International News

ရေလွှမ်းမိုးမှုကြောင့် ခေတ္တပိတ်ထားသည့် Lao Coi နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်

Last Updated:
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြားရှိ Lao Coi အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်ကို စက်တင်ဘာ ၁၁ ရက် နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ပိုမို ကောင်းမွန်လာသော ရာသီဥတုအခြေအနေများကို လေ့လာကြည့်ရှုပြီး ယူနန်ပြည်နယ် Hekou နယ်စပ်ဂိတ်တွင် တရုတ်အာဏာပိုင်များနှင့် ညှိနှိုင်းကာ နယ်စပ်ဂိတ် သွင်းကုန်ပို့ကုန် လုပ်ငန်းများ ပြန်လည် စတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Lao Cai အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်နှင့် Bao Thanh ခရိုင်ရှိ Kim Thanh II အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် ၂ ခုစလုံးကို လမ်းသွားလမ်းလာများနှင့် ယာဉ်များအတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။အဆိုပါ ဒေသအတွင်း Yagi တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေလျှံတက်လာသည့်အတွက်  စက်တင်ဘာ ၉ ရက်က နယ်စပ်ဂိတ်ကို ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။Lao Cai ပြည်သူ့ကော်မတီသည် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်း၍ ခရီးသွားများ ဘေးကင်းစေရန်အတွက် နယ်စပ်ဖြတ်ကျော်မှုများကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

Source: The Saigon times

( ဒေါ် ဝင့်န္ဒာကျော်််ကျော်၊  စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

 

Category: International News