International News

Lao Cai နယ်စပ်ဂိတ်မှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည့် သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများ ယာယီရပ်ဆိုင်း

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်တွင် ရေလွှမ်းမိုးမှုများ မြင့်တက်လာခြင်းကြောင့် Kim Thanh နယ်စပ်ဂိတ်တွင် ဆောင်ရွက်လျက်ရှိသည့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားကြောင်း Lào Cai ၏ စီမံခန့်ခွဲမှုအဖွဲ့အကြီးအကဲ Vương Trinh Quốc က ပြောကြား ခဲ့သည်။

စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ Ha Khau နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကိုယ်စားလှယ်များသည် Lao Cai မြို့ရှိ Kin Thanh နယ်စပ်ဂိတ်သို့လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် Kim Thanh တံတားမှတစ်ဆင့် သွင်းကုန် ပို့ကုန်လုပ်ငန်းများ ယာယီရပ်ဆိုင်းရန် နှစ်ဖက်စလုံးက တိုက်တွန်းထားပြီး မွန်းလွဲ ၁၃ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံသည် သွင်းကုန်နှင့် ပို့ကုန် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြထားသည်။Lao Cai ခရိုင်စီးပွားရေးဇုန် စီမံခန့်ခွဲမှုဘုတ်အဖွဲ့မှ ပြုစုထားသည့် အချက်အလက်များအရ နယ်စပ်ဂိတ် သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ ရပ်ဆိုင်းခြင်းမပြုမီ ဗီယက်နမ်လုပ်ငန်းရှင်များ အနေဖြင့် ကုန်တင်ယာဉ် ၁၄၃ စီး တင်ပို့နိုင်ခဲ့ပြီး အစီး ၄၀ မှာ စောင့်ဆိုင်းလျက် ရှိကြောင်း သိရှိရပါသည်။

Lào Cai ပြည်နယ် စီးပွားရေးဇုန် စီမံခန့်ခွဲမှုဘုတ်အဖွဲ့သည် တရုတ်နိုင်ငံ Hekou ရှိ နိုင်ငံခြားရေးရုံးမှ တရုတ်နိုင်ငံဘက်ခြမ်းတွင် ဓာတ်အားပြတ်တောက်မှုကြောင့် Lao Cai အပြည်ပြည် ဆိုင်ရာနယ်စပ်ဂိတ် (Hekou) မှတစ်ဆင့် သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ ယာယီ ရပ်ဆိုင်းရန် အကြောင်းကြားစာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ရေကြီးရေလျှံမှု အခြေအနေများနှင့် လျှပ်စစ်မီးရရှိရေးကိစ္စများဆောင်ရွက်ပြီးသည်နှင့် တစ်ပြိုင်နက် သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

Source: Vietnam News

(ဒေါ်ဝင့်နန္ဒာကျော်််ကျာ်၊ းပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News