International News

ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ ခေါင်းဆောင်များသည် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး တိုးမြှင့်ရန် ကတိပြု

Last Updated:

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E Pham Minh Chinh နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့သည် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေး-ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို မြှင့်တင်ရန်နှင့် စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရန် ဆွေးနွေး ခဲ့ကြသည်။လာအိုနိုင်ငံသမ္မတ Sisoulith သည် ဗီယက်နမ်နိုင်ငံ သမ္မတ To Lam ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီး ရောက်ရှိနေ ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ ပူးပေါင်းဆောင်ရွက်ရန် အထူးသဖြင့် အသက်မွေးပညာကျောင်းများ၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ခရီးသွားလာရေး တို့တွင် ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီ ခဲ့ကြကြောင်း ဖော်ပြထားသည်။ 

နှစ်နိုင်ငံခေါင်းဆောင်များသည် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အတား အဆီးများကို ဖယ်ရှားကာ ဗီယက်နမ်နှင့်လာအိုနိုင်ငံကြား ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွား လုပ်ငန်းနှင့် အလုပ်သမားရေးရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။

 

Source: Vietnam Economic Times

(ဒေါ် ဝင့်နန္ဒာကျော်််ကျော်််း၊ စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News