International News

PTT Plc ၏ လုပ်ငန်းခွဲဖြစ်သော PTT International Trading က အိုမန်မှ Liquefied Natural Gas (LNG) ဝယ်ယူနိုင်ရေးအတွက် ဝယ်ယူရေးစာချုပ် ချုပ်ဆိုခဲ့

Last Updated:

PTT Plc ၏ လုပ်ငန်းခွဲဖြစ်သော PTT International Trading က ထိုင်းနိုင်ငံအတွင်း၌ ဓာတ်ငွေ့ ဈေးနှုန်း တည်ငြိမ်စေရမည်ဟု ၎င်း၏ ကတိပြုချက်ကြောင့် LNG တန်ချိန် ၃၀၀,၀၀၀ ကို အိုမန်နိုင်ငံမှ ဝယ်ယူနိုင်ရေးအတွက် ၃ နှစ် ဝယ်ယူရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

ကာလရှည်ဝယ်ယူရေးမဟာဗျူဟာသည် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့ဈေးနှုန်း အတက်အကျဖြစ် ခြင်းနှင့် လျှပ်စစ်ဓာတ်အားခမြင့်တက်မှုကို ဖြစ်စေသော Spot ဈေးကွက်မှ ကာလတို LNG ဝယ်ယူ မှုများ၏ သက်ရောက်မှုများကို သက်သာစေပါကြောင်း၊ LNG များ ပေးပို့မှုမှာ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်ထိ ဖြစ်ကြောင်း၊ ယင်းစာချုပ်သည် ထိုင်းနိုင်ငံတွင်း LNG ဈေးကွက်ကြီးထွားမှုအတွက် အထောက် အကူဖြစ်စေပြီး အာဆီယံတွင် နိုင်ငံကို LNG ကုန်သွယ်ရေး စင်တာဖြစ်စေမည် ဖြစ်ကြောင်း၊ စာချုပ်  ကြောင့် PTT ၏ နိုင်ငံတကာကုန်သွယ်ရေးအလားအလာကို တိုးမြှင့်စေပါကြောင်း ဒုတိယဥက္ကဋ္ဌ Mr. Pongpun Amornvivat က ပြောကြားခဲ့ပါသည်။

PTT သည် အိုမန် LNG နှင့် နှစ်စဉ် တန်ချိန် ၈၀၀,၀၀၀ ကို၂၀၂၆ ခုနှစ်မှစ၍ ၉ နှစ်ကြာ ဝယ်ယူ မည့် စာချုပ်အတွက် ဆွေးနွေးလျက်ရှိသည်ဟု  မီဒီယာတွင် ဖော်ပြထားကြောင်း၊ အဆိုပါ စာချုပ်သည် ယခုတိုင် အပြီးမသတ်ရသေးကြောင်း သိရှိရပါသည်။

PTT သည် ထိုင်းနိုင်ငံ၏ စွမ်းအင်ရင်းမြစ်များ ဖူလုံမှုတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေပါ ကြောင်း၊ အီရာဝမ် ဓာတ်ငွေ့စက်ကွင်းမှ ဓာတ်ငွေ့ထုတ်လုပ်မှုသည် တွင်းထွက်လောင်စာဦးစီးဌာနနှင့် ၂၀၂၂ ခုနှစ်တွင် ချေးငွေကာလကုန်ဆုံးသွားပြီဖြစ်သည့် အမေရိကန်နိုင်ငံစုံစွမ်းအင် ကော်ပိုရေးရှင်းတို့ အကြား ဥပဒေရေးရာ ပဋိပက္ခကြောင့် ရပ်ဆိုင်းထားပါကြောင်း၊ PTT ၏ လုပ်ငန်းခွဲဖြစ်သော PTT Exploration and Production သည် ၂၀၁၈ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သော်လည်း မဖြေရှင်းရသေး သော အငြင်းပွားမှုများကြောင့် လုပ်ကွက်အတွင်းသို့ မဝင်ရောက်နိုင်သေးကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်းသည် ပြည်တွင်း ဓာတ်ငွေ့ ထောက်ပံ့ပေးမှု အချိုးကို ၄၀ ရာခိုင်နှုန်းအောက်လျော့နည်းစေခဲ့ပြီး ထိုင်းနိုင်ငံကို အကုန်အကျများစွာဖြင့် LNG ပိုမိုတင်သွင်းသူ ဖြစ်စေပါကြောင်း၊  ရုရှားနှင့် ယူကရိန်း ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ်မှစ၍ LNG   တဖြည်းဖြည်းမြင့်တက် လျက်ရှိပြီး ဓာတ်အား ထုတ်လုပ်ရန်အတွက် လောင်စာ၏ ၆၀ ရာခိုင်နှုန်းသည် ဓာတ်ငွေ့ဖြစ်သဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားခမြင့်တက်မှုကို ဖြစ်စေကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News