International News

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံသို့ သွားရောက် လျက်ရှိ

Last Updated:

ထိုင်းနှင့်ကာဇက်စတန်နိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Phumtham Wechaya-chai ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကာဇက်စတန်နိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း သိရှိရပါသည်။

ကာဇက်စတန်နိုင်ငံသည် Eurasian Economic Union (EAEU) တွင် ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ကာဇက်စတန်၏ လူဦးရေသည် သန်း ၁၉၀ ရှိပြီး ဝယ်ယူမှုစွမ်းအားမြင့်မားသဖြင့် အလားအလာကောင်းပါကြောင်း၊ ယင်းအပြင် ဓနသဟာယနိုင်ငံများ၏ GDP ပါဝင်မှုတွင် ရုရှားပြီးပါက ဒုတိယအကြီးဆုံးဖြစ်ပြီး ရေနံစိတ်၊ သဘာဝဓာတ်ငွေ့နှင့် ယူရေနီယမ် စသည့်ကြီးမားသော သဘာဝရင်းမြစ်များပိုင်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံဖြစ်‌ ကြောင်း၊ နိုင်ငံတည်နေရာအရ ဗဟိုအာရှတွင် ရှိသဖြင့် စီးပွားရေးသာမက ကမ္ဘာ့စီးပွားရေးအတွက် ထင်ရှားသော ပထဝီဝင်နိုင်ငံရေးအနေအထားရှိပါကြောင်း၊ ကာဇက်စတန်သည် ယူရေးရှားတွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၏ အဓိက အချက်အချာဖြစ်လာပါကြောင်း ဝန်ကြီး H.E. Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ထိုင်းလုပ်ငန်းရှင်များအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းများ ရှာဖွေပေးရန်ဖြစ်ကြောင်း၊ ယခင်က ရုရှားနှင့် အိန္ဒိယတို့ကို ဖြစ်သန်း၍ ထိုင်းထုတ် ကုန်အနည်းငယ်သာ ကာဇက် ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါကြောင်း၊ တိုက်ရိုက်တင်ပို့မှု ဆောင်ရွက်နိုင် ပါက နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ မြင့်တက်လာနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ နှစ် နိုင်ငံ အကျိုးစီးပွားအတွက် ဆွေးနွေးရန် ကာဇက်စတန်ဝန်ကြီးချုပ် H.E Mr. Olzhas Bektenov နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုမြှင့်တင်ရေးရုံး ဖွင့်လှစ်နိုင်ရေး အတွက် ကာဇက် စတန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုအာရှတွင် ထိပ်တန်းထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်နေသူ Damu Logistics နှင့် တွေ့ဆုံ၍ ထိုင်းပို့ကုန်များ ကာဇက်စတန်သို့ တင်ပို့ရန် လမ်းကြောင်းအပေါ် အတွေ့အကြုံများ၊ အမြင်များနှင့် ထောက်ခံချက်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကာဇက်စတန်နိုင်ငံ တွင် ထိုင်းနိုင်ငံ၏ Soft Power မြှင့်တင်ပေးလျက်ရှိသည့် Thai SELECT လက်မှတ်ရ ဆိုင်များသို့ သွား ရောက်မည်ဖြစ်ကြောင်း၊ ဒေသဈေးသို့ သွားရောက်လည်ပတ်၍ မည်သည့် ထုတ်ကုန်များသည် ဝယ်လိုအားမြင့်မားပြီး ပို့ကုန်အတွက် အလားအလာရှိနိုင်သည်ကို လေ့လာမည်ဖြစ်ကြောင်း သိရှိရပါ  သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News