International News

ထိုင်းနိုင်ငံအစိုးရက တရုတ်သွင်းကုန်များနှင့်စပ်လျဉ်း၍ e-commerce ပလက်ဖောင်းဆောင်ရွက် နေသူ များနှင့် ဆွေးနွေးသွားလို

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ တရုတ်မှ တင်သွင်းလာသောတန်ဖိုးနည်းကုန်ပစ္စည်းများ၏ သက်ရောက်မှုများနှင့်စပ်လျဉ်း၍ e-commerce ပလက်ဖောင်းဆောင်ရွက်နေသူများနှင့် ဆွေးနွေးသွားရန် ဖိတ်ခေါ်လိုကြောင်း အိမ်စောင့်အစိုးရစက်မှုဝန်ကြီး H.E Ms. Pimphattra Wichaikul က ပြောကြားခဲ့ပါသည်။

တရုတ်ကုန်ပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်သူများ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုသက်သာစေမည့် အစီအမံသစ်များ ရှာဖွေရန် စက်မှုဝန်ကြီးဌာနအပါအဝင် အစိုးရအဖွဲ့အစည်းများအား အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပါကြောင်း၊ အွန်လိုင်းလက်လီရောင်းချသူ Temu ထိုင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အရည်အသွေးနိမ့် ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချခြင်းကြောင့် စိုးရိမ်မှု ပြင်းထန်ခဲ့ပါကြောင်း၊ အွန်လိုင်းပလက် ဖောင်း ဆောင်ရွက်နေသူများကို ပူးပေါင်းဆောင်ရွက်ရန်နှင့်ဆွေးနွေးမှုတွင် ပါဝင်ရန်မျှော်မှန်းထားပါကြောင်း၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူအကာအကွယ်ပေးရေး ဘုတ်အဖွဲ့ရုံး၊ Lazada၊ Shopee နှင့် Temu တို့သည် အစည်းအဝေးတွင် ပါဝင်တက်ရောက်မည် ဖြစ်‌ကြောင်း၊ အစည်းအဝေးတွင် သွင်းကုန် များ၏ အရည်အသွေးနှင့်စပ်လျဉ်းသည့် ပြဿနာအပေါ် ဦးစားပေး ဆွေးနွေးသွားမည် ဖြစ်ပြီး တတ်နိုင်သမျှ ကျင်းပသွားမည် ဖြစ်ကြောင်း၊ စက်ရုံများ၌ လုံခြုံရေးအတွက် AI နည်းပညာပေးမည့် LIV-24 Co က ကြီးမှူးကျင်းပသော AI နည်းပညာ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာနသည် ဒေသတွင်းအိမ်နီးချင်းများမှ ထိုင်းဈေးကွက်သို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အဆိုပြုလွှာ တစ်စောင်နှင့်စပ်လျဉ်း၍  ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် တွေ့ဆုံရန် လျာထားပါကြောင်း၊ Duty free ဇုန်များရှိ သိုလှောင်ရုံများတွင် စစ်ဆေးရန် ခွင့်ပြုသည့် လုပ်ထုံးလုပ်နည်း ၁ စောင် ထုတ်ပြန်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို အကြံပြုလိုကြောင်း၊ လက်ရှိတွင် အစိုးရသည် အဆိုပါ ဇုန်အတွင်းရှိ တင်သွင်းပစ္စည်းများကို စစ်ဆေးရန် အခွင့်အာဏာ မရှိပါကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်း Mr. Natapol Rangsitpol က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News