International News

ဂျပန်နိုင်ငံ၌ ဆေးခြောက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဥပဒေများကို ပြင်ဆင်သွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ဆေးခြောက်ပင်မှ ရရှိသည့် ဓာတုပစ္စည်းများကို အသုံးပြု၍ ဆေးဝါး ထုတ်လုပ်ခြင်းအား တရားဝင်ခွင့်ပြုခြင်းနှင့် ဆေးခြောက်အသုံးပြုမှုကို ရာဇဝတ်မှုအဖြစ် သတ် မှတ်ခြင်းတို့အား ၁၂-၁၂-၂၀၂၄ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၌ ဆေးခြောက်လက်ဝယ်ထားရှိခြင်းနှင့် စိုက်ပျိုးခြင်းတို့ကို တရားဝင် တားမြစ်ထားကြောင်း၊ ယခုအခါ အသုံးပြုမှုကိုပါ တားမြစ်သွားမည် ဖြစ်ကြောင်းနှင့် တားမြစ်ချက်ကို ချိုးဖောက်ပါက ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

လက်ရှိတွင် ဆေးခြောက်ပါဝင်သည့် ထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် စိုက်ပျိုး သည့် တောင်သူများအနေဖြင့် စိုက်ပျိုးစဉ်ကာလအတွင်း ဆေးခြောက်ကို မတော်တဆ သုံးစွဲမိပါက အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ဆေးခြောက်အသုံးပြုမှုကို ဂျပန်နိုင်ငံ၌ ခွင့်ပြုထားကြောင်းနှင့် ပြစ်ဒဏ်သတ်မှတ်ထားခြင်း မရှိကြောင်း၊ သို့သော် ဆေးခြောက်သုံးစွဲမှု အား ပိတ်ပင်ထားမှုမရှိခြင်းကြောင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများ ပိုမိုတိုးမြှင့်သုံးစွဲလာ နိုင်မည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာသည့်အတွက် ဆေးခြောက်အသုံးပြုမှုကို တားမြစ် သွားရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ဆေးခြောက်အသုံးပြု၍ ဆေးဝါးများ ထုတ်လုပ်ခြင်းကိုလည်း ခွင့်ပြု သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးခြောက်ကို ဆေးဝါးများ လက်တွေ့စမ်းသပ်ရာတွင်သာ အသုံးပြုခွင့် ပေးထားကြောင်း၊ သို့သော် ပြင်းထန်ဝက်ရူးပြန်ရောဂါကဲ့သို့သော ရောဂါများကို ကုသရန်အတွက် ဥရောပနှင့် အမေရိကန်တွင် ခွင့်ပြုထားပြီးဖြစ်သည့် ဆေးခြောက်မှ ရရှိသော cannabidiol ဆေးဝါးများကို သုံးစွဲခွင့်ပြုရန် လူနာများအနေဖြင့် တောင်းဆိုထားသည့်အတွက် ဆေးခြောက်အသုံးပြု၍ ဆေးဝါးထုတ်လုပ်ခြင်းကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)      

Source: The Japan Today (၁၄-၉-၂၀၂၄)

Category: International News