International News

တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းစုခေါင်းဆောင်များက ချက်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေ

Last Updated:

တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်းစုခေါင်းဆောင်များက ချက်ပြည်သူ့သမ္မတနိုင်ငံတွင် စီး ပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေနေကြောင်း၊ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့်ယာဉ်များနှင့် စွမ်းအင်ကဏ္ဍတွင်  အခွင့်အလမ်းသစ်များရရှိရန် ရှာဖွေနေကြောင်း လုပ် ငန်းစုများဘက်က ၂၅-၈-၂၀၂၄ ရက်နေ့တွင်  ပြောကြားခဲ့ပါသည်။

ချက်ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် မဟာဗျူဟာကျသော မဟာမိတ်ဖွဲ့မှုကို မြှင့်တင်ရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ယင်းနိုင်ငံသို့ သွားရောက်မည့် တောင်ကိုရီးယားနိုင်ငံသမ္မတယွန်ဆုခ်ယော်၏ ခရီးစဉ်တွင် တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီးလုပ်ငန်းစုများဖြစ်ကြသည့် Samsung၊ Hyundai Motor၊ LG နှင့် SK တို့မှ ထိပ်တန်းအမှုဆောင်များ လိုက်ပါသွားမည် ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းစုကြီးများအနက် Hyundai Motor Group သည် ချက်ပြည်သူ့သမ္မတနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အတက်ကြွဆုံး စီးပွားရေးလုပ်ဖော်ကိုင်ဖက်လုပ်ငန်းစုကြီး တစ်ခု ဖြစ်ပါသည်။ ချက်ပြည်သူ့သမ္မတနိုင်ငံ အရှေ့ဘက်ရှိ Nosovice ကျေးရွာတွင် တစ်နှစ်လျှင် ကားအ စီးရေ ၃၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုတည်ဆောက်ထားရှိပြီး လုပ်ငန်းလည်ပတ်လျက် ရှိပါသည်။ အဆိုပါကားစက်ရုံသည် ဥရောပရှိ Hyundai Motor ၏ အဓိကကားထုတ်လုပ်ရေး အ ခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ကားအစီးရေ ၃၄၅,၀၀၀ စီး ထုတ်လုပ်နိုင်ခဲ့ပါသည်။ အဆိုပါစက်ရုံမှ ရောင်းရငွေသည် ၂၀၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားဝမ်ငွေ ၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈.၂၇ ဘီလီယံ) ကျော် ရရှိခဲ့ပြီး အသားတင်အမြတ်ငွေမှာ တောင်ကိုရီးယား ဝမ်ငွေ ၈၀၀ ဘီလီယံ ရရှိခဲ့ပါသည်။

အခြားသော လုပ်ငန်းများရှာဖွေသွား မည်ဖြစ်ပါကြောင်း၊ ဥရောပဈေးကွက်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့်ယာဉ် များ ထုတ်လုပ်သည့်လုပ်ငန်းကဏ္ဍတွင် Hyundai Motor ၏ ရပ်တည်မှုကို ခိုင်မာလာစေရန် ရည် ရွယ်၍ လက်ရှိကားစက်ရုံကို EVs ထုတ်လုပ်သည့်စက်ရုံအဖြစ် ၂၀၃၅ ခုနှစ် နောက်ဆုံးထား ပြောင်း လဲသွားမည်ဖြစ်ပါကြောင်း ကားလုပ်ငန်းကဏ္ဍမှ အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

LG Group ဥက္ကဋ္ဌ Mr. Koo Kwang-mo သည်လည်း ခရီးစဉ်တွင်လိုက်ပါမည် ဖြစ်ပါသည်။ ချက်ပြည်သူ့သမ္မတနိုင်ငံကလည်း LG Group ၏ ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားကြောင်း ဖော်ပြ ထားပြီး အထူးသဖြင့် Secondary Battery ထုတ်လုပ်သည့် စက်ရုံကို ရင်းနှီးမြှုပ်နှံမှုပြုစေလိုကြ ပါသည်။ တောင်ကိုရီးယားအစိုးရကလည်း LG Energy Solution အား ချက်ပြည်သူ့သမ္မတနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုပြုစေလိုသည့်အတွက် လာမည့်ခရီးစဉ်တွင် ရလဒ်တစ်ခုခု ရှိနိုင်/မရှိနိုင်ကို ကား လုပ်ငန်းကဏ္ဍမှ စောင့်မျှော်နေကြပါသည်။

Samsung Electronics ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. Lee Jae-yong ကလည်း ခရီးစဉ်တွင် လိုက်ပါမည်ဖြစ်ပါသည်။ လက်ရှိတွင် ချက်ပြည်သူ့သမ္မတနိုင်ငံ၌ လုပ်ငန်းလည်ပတ်နေခြင်း မရှိ သေးသော်လည်း ကမ္ဘာ့ဦးဆောင် EV battery ထုတ်လုပ်သည့် Samsung Electronics အား ချက် ပြည်သူ့သမ္မတနိုင်ငံက ဘက်ထရီလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် ကြိုဆိုမည်ဟု မျှော်လင့် လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက ချက်ပြည်သူ့သမ္မတနိုင်ငံတွင် နျူကလီးယားဓာတ်ပေါင်းဖို (၂) လုံး တည်ဆောက်ရန် လေလံခေါ်ရာတွင် Korea Hydro & Nuclear Power (KHNP) အား ဦးစားပေးအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ သို့ဖြစ်၍ KHNP သည် တောင်ကိုရီးယားဝမ်ငွေ ၂၄ ထရီလီ ယံတန်ဖိုးရှိ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်သည့် စီမံကိန်းကိုရရှိခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အခွင့်အလမ်းများ ပေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

 

ဒေါ် ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်း။

Category: International News