International News

ထိုင်းနိုင်ငံတွင် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိသည် Air- Con စက်ရုံတည်ဆောက်မည့် Haier

Last Updated:

တရုတ်နိုင်ငံ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်းကုမ္မဏီဖြစ်သည့် Haier သည် ဘတ် ၁၀ ဘီလီယံရင်းနှီးမြှပ်နှံမည့် ၎င်းတို့၏ ပထမဆုံး ari- con ထုတ်လုပ်မည့် စက်ရုံကို ထိုင်းနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ပြီး လျှင်မြန်စွာ ကြီးထွားလာသည့် ဘတ် ၁၀ ဘီလီယံတန်ဖိုးရှိသော ထိုင်းနိုင်ငံ air- con ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု သိရပါသည်။ Haier ၏ အရှေ့တောင် အာရှတွင် ပထမဆုံး စက်ရုံကို ချောင်ဘူရီပြည်နယ်၏ WHA အရှေ့ပင်လယ်ကမ်းခြေ စက်မှုဇုန်တွင် တည်ဆောက်မည်ဟု သိရပါသည်။ Haier အုပ်စု၏ ဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ Zhou Yunjie ကထိုင်းနိုင်ငံတွင် စက်ရုံတည်ဆောက်ရခြင်းသည် အိမ်နီးချင်းနိုင်ငံများသို့ ကောင်းမွန်သော ချိတ်ဆက်ပေးနိုင်မည့် ထိုင်းနိုင်ငံ၏ ဗျူဟာမြောက် ပထဝီမြေနေရာအားသာချက်ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ပြီးဆုံးရန်မျှော်လင့်ရကြောင်း သိရပါသည်။  နှစ်စဉ် Air-con အလုံးရေ ၃ သန်းထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည့် ပထမအဆင့်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် စမည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့်တို့မှာ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် တို့တွင် အသီးသီးပြီးပြတ်မည်ဟု သိရပါသည်။ အပြည့်အဝအသုံးပြုနိုင်ပြီဆိုပါက ထိုစက်ရုံ သည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး air- con ထုတ်လုပ်သည့် စက်ရုံဖြစ်လာမည်ဖြစ်ပြီး Haier ၏ ပြည်ပအကြီးမားဆုံး air- con ထုတ်လုပ်ရာ စက်ရုံဖြစ်လာမည်ဟု သိရပါသည်။ Haier အနေဖြင့် စက်မှုလုပ်ငန်းကဏ္ဍနှင့် ပြည်တွင်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်၍ အားကောင်းပြီး စွမ်းဆောင်နိုင်သော လုပ်သားထုကို ဖန်တီးသွားမည်ဟု Mr- Zhou က ပြောကြား ခဲ့ကြောင်း သိရပါသည်။ လာမည့်(၂)နှစ်အတွင်း စက်ရုံအပြည့်အဝ လည်ပတ်နိင်ပြီဆိုပါက စီးပွားရေးတန်ဖိုး ဖန်တီးပေးခြင်း၊ ဒေသခံများကြား ဝင်ငွေရရှိစေခြင်း၊ ချောင်ဘူရီတွင် အလုပ်အကိုင် ၃၀၀၀ စီစဉ်ပေးနိုင်ခြင်းတို့အပြင် ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရန် မျှော်မှန်းရကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်ဟု သိရပါသည်။

Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News