International News

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ပို့ကုန်တိုးတက်မှုသည် ၂၈ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

ငွေကြေးဖောင်းပွမှု သက်သာခဲ့ခြင်းနှင့် ကုန်သွယ်ရေးမိတ်ဖက်များ၏ ဝယ်ယူမှုစွမ်းအား မြင့် တက်လာခဲ့ခြင်းတို့ကြောင့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ပို့ကုန်သည် ၁၅.၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ၂၈ လအတွင်း တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

ဇူလိုင်လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅.၇ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ ဆီနှင့်ဆက်စပ်ထုတ်ကုန်များနှင့် လက်နက်များ တင်ပို့နိုင်ခဲ့မှုသည် ၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါ ကြောင်း၊ အမေရိကန်၊ တရုတ်၊ အရှေ့တောင်အာရှနှင့် ဥရောပသမဂ္ဂအပါအဝင် အဓိက ဈေးကွက်များ ပြန်လည်ခိုင်မာလာသည်ကို ပြသလျက်ရှိပါကြောင်း၊ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇.၁ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၃၇ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရာဘာ၊ ဆန်၊ လတ်ဆတ်၊ အေးခဲနှင့် ပြုပြင်ပြီး ကြက်သား၊ စည်သွပ်နှင့် ပြုပြင်ပြီး ပင်လယ်စာ၊ တိရစ္ဆာန် အစာနှင့် တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီစသည့် စိုက်ပျိုး‌ရေးနှင့် လယ်ယာ-စက်မှုထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၃၆ ဘီလီယံသို့ ရောက်ရှိခဲ့ပါကြောင်း၊ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက်များ၊ ပီလောပီနံထုတ်ကုန်များ၊ သကြား နှင့် အဖျော်ယမကာ ပို့ကုန်တန်ဖိုး ကျဆင်းခဲ့ ကြောင်း ကုန်သွယ်ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapa-korn က ပြောကြားခဲ့ပါသည်။

ဆီနှင့်ဆက်စပ်ထုတ်ကုန်များ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ တယ် လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များနှင့် ဆက်စပ်ပစ္စည်းများစသည့် စက်မှုထုတ်ကုန် များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလီယံသို့ ရောက်ရှိခဲ့ပါကြောင်း၊ မော်တော် ကားနှင့်ဆက်စပ်ပစ္စည်းများ၊ ဆားကစ်စ်ပြားများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာနှင့် ဒိုင် အုတ်များ၊ အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်များနှင့် ဆက်စပ်ပစ္စည်းများ၏ ပို့ကုန်တန်ဖိုးသည် ကျဆင်း ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုးကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအကြား တိုးတက်မှုရရှိရန် ခန့်မှန်းထားပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးတိုးတက်လာမှုနှင့်ကုန်သွယ်ရေး ပတ်ဝန်းကျင်၊ ကမ္ဘာ့စက်မှုထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာမှုတို့နှင့်အညီ ၂၀၂၄ ခုနှစ်အတွင်း၌ ပို့ကုန်တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး တိုးတက်လာမှုသည်လည်း ဆက်စပ် ပစ္စည်းများကို အထောက်အကူပြုနိုင်ကြောင်း၊ လက်ရှိပထဝီနိုင်ငံရေးပဋိပက္ခများ၊ အဓိကနိုင်ငံများ၏ ရွေးကောက်ပွဲနောက်ပိုင်း စီးပွားရေးမသေချာမှုများနှင့် ကုန်သွယ်ရေး မူဝါဒများသည် ပို့ကုန်အပေါ် ဖိအားများ ဖြစ်လာနိုင်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြေ အနေများကို စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက သင်္ဘောတင်ပို့ခများ ကျဆင်းလာမှုနှင့်အတူ ပင်လယ်ရေကြောင်း ပို့ဆောင်မှု ကုန်ကျစရိတ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပါကြောင်း၊ စတုတ္ထလပတ်အတွင်း ဘတ်ငွေတန်ဖိုး မြင့်တက်လာနိုင်မှုသည် ပို့ကုန်ဈေးကွက်အပေါ် သက်ရောက် လာနိုင်ကြောင်း Thai National Shippers’ Council  ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က သုံးသပ် ထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: International News