International News

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် ဘဏ္ဍာရေး အချက် အချာမူဝါဒနှင့်အတူ အခွန်ဖြတ်တောက်မှုများ ပါဝင်လာနိုင်

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးအတွက် ဘဏ္ဍာရေး အချက်အချာဖြစ်စေရန် တစ်ဦးချင်းဝင်ငွေခွန်နှင့်ကော်ပိုရိတ်ဝင်ငွေခွန်လျှော့ချရန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရပါသည်။

ဖျော်ဖြေရေးဇုန်၊ လေကြောင်းအချက်အချာနှင့် ဘဏ္ဍာရေးအချက်အချာအတွက် မူဝါဒများ သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သည့် အဓိက မဟာဗျူဟာများ ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးအချက်အချာ မူဝါဒကို အစိုးရအဖွဲ့က မူအားဖြင့် ခွင့်ပြုခဲ့ပြီး အသေးစိတ်ကို စဉ်းစားရန် ကော်မတီဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မူဝါဒအတွက် ဥပဒေကို ပြင်ဆင်နေဆဲဖြစ်ပြီး ၂ လ၊ ၃ လအတွင်း အပြီးသတ်ရန် ခန့်မှန်းထားပါကြောင်း၊ အချက်အချာအတွက် ရင်းနှီးမြှုပ်နှံမှု ခံစားခွင့်များတွင် တစ်ဦး ချင်းဝင်ငွေခွန်၊ ကော်ပိုရိတ်ဝင်ငွေခွန် ခံစားခွင့်များ၊ နိုင်ငံအတွင်းသို့ အလွယ်တကူဝင်ရောက်ခွင့်နှင့် အချက်အချာတွင် အလုပ်လုပ်ကိုင်သော အလုပ်သမား ခံစားခွင့်အပါအဝင် အခွန်မဟုတ်သော ခံစား ခွင့်များ ပါဝင်မည်ဖြစ်ကြောင်း အိမ်စောင့်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Paopoom Rojanasakul က Thailand Focus အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနသည် အခွန်နှင့်အခွန်မဟုတ်သော ခံစားခွင့်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးအချက်အချာဖြစ်စေရန် ယှဉ်ပြိုင်မှုသည် အခွန်နှုန်းထားများနှင့် စီးပွားရေးစနစ်အကျိုးကျေးဇူးများဖြင့် ဆွဲဆောင်ရပါကြောင်း၊ ကမ္ဘာအနှံ့ရှိ ဘဏ္ဍာရေး အချက်အချာများသည် အခွန်နှုန်းထားဆွဲဆောင်မှုများ ပေးပါကြောင်း၊ စင်ကာပူသည် ကော်ပိုရိတ်အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ထိုင်းနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ စီးပွားရေးစနစ်ဖွံ့ဖြိုးမှုအနေဖြင့် ဝန်ကြီးဌာနသည် နိုင်ငံအဆင့် ချေးငွေအာမခံအေဂျင်စီ တည်ထောင် ရန် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိရာ ၉၀ ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ်ပြီး အစိုးရအဖွဲ့အသစ်သို့ မကြာမီ တင်ပြသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် အိမ်နီးချင်းနိုင်ငံများအောက် လျော့ နည်းနေသော်လည်း ထိုင်းစတော့ခ်အိတ်ချိန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် လက်ရှိအခြေအနေထက် နိုင်ငံ၏ အလားအလာအပေါ် ပိုမိုအာရုံစိုက်ကြပါကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ ပါသည်။

ရင်းနှီးမြှုပ်နှံသူများသည် ဦးဆောင်မှုရှုထောင့်ကို စဉ်းစားလေ့ရှိကြောင်း၊ ထိုင်းစီးပွားရေးသည် ပြန်လည်ကောင်းမွန်လာလျက်ရှိရာ စတော့ခ်ဈေးကွက်ကို သက်ရောက်ပါကြောင်း၊ စီးပွားရေး ဆွဲဆောင်မှုရှိလာပြီး လမ်းကြောင်းကောင်းမွန်နေပါက ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမည်ဖြစ် ကြောင်း၊ စီးပွားရေးစီမံခန့်ခွဲမှု မူဝါဒနှင့်စပ်လျဉ်း၍ အစိုးရသစ်၏ ပိုမိုတိကျသော မူဝါဒဖော်ပြချက် များကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် ပိုက်ဆံအိတ်နှင့်စပ်လျဉ်း၍ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသည့် အကြံပြုချက်အချို့ကို လက်ခံပါကြောင်းနှင့် အစိုးရသစ်နှင့် မူဝါဒပေါ်မူတည်၍ ပိုမို မြန်ဆန်၊ အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြား ခဲ့ပါသည်။

စီမံကိန်းသည် ပြည်သူများထံ ဦးတည်ပြီး စီးပွားရေးကို လှုံ့ဆော်ပေးရန် အကူအညီဖြစ်ပါ ကြောင်း၊ ပြောင်းလဲမှုများကို စက်တင်ဘာလအဆုံးပိုင်းမတိုင်မီ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ သန်း ၃၀ ခန့်သည် အစိုးရ၏ Tang Rat application မှတစ်ဆင့် စီမံကိန်းအတွက် မှတ်ပုံတင်ထားပါကြောင်း H.E Mr. Paopoom က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News