International News

ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာသော တန်ဖိုးနည်းသွင်းကုန်များကို တိုက်ဖျက်ရန် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံအဆင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခဲ့

Last Updated:

ထိုင်းပြည်တွင်း လုပ်ငန်းများကို တန်ဖိုးနည်းပြီးအရည်အသွေးနိမ့်ပါးသော တင်သွင်းကုန်များမှ ကာကွယ်ရန်စိစစ်သည့် အစီအမံများ တိုးမြှင့်ခြင်း၊ စံနှုန်းများ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေ များ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်အတွက် နိုင်ငံအဆင့်လုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

အိမ်စောင့်အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Phumtham Wecha-yachai သည် ထိုင်းလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်မှုကို တိုးမြှင့်ရန်၊ တန်ဖိုးနည်းပြီး အရည်အသွေးနိမ့် သော တင်သွင်းကုန်ပစ္စည်းများကို ဖြေရှင်းရန်နှင့် ဥပဒေမဲ့ပစ္စည်းများနှင့် လုပ်ငန်းများကို ထိန်းကွပ်ရန် အဖွဲ့အစည်း ၂၈ ခုနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ တရုတ်ပစ္စည်းများ ထိုင်းဈေးကွက်အတွင်းသို့ ဝင်ရောက် လာသည့် ပြဿနာနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေ သည့် လုပ်ငန်းများကို ကိုင်တွယ်ရန်နှင့်  ဝန်ကြီးဌာနကို ဗဟိုအဖွဲ့အစည်းအဖြစ် အစိုးရအဖွဲ့က ညွှန် ကြားထားချက်အရ ဆောင်ရွက်မှုအခြေအနေကို အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် ပြဿနာရပ်ဆိုင်ရာ အစီအမံ ၅ ခု ထွက်ပေါ်ခဲ့ပါကြောင်း၊ ပထမ အစီအမံ အရ Harmonised System Code ကြေညာချက်၊ တန်ဖိုးမြှင့်ခွန်ပေးချေမှု၊ စက်မှုထုတ်ကုန် စံနှုန်းများ စစ်ဆေးခြင်း၊ ထိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လိုင်စင်များ၊ ကုန်သေတ္တာ များကို စစ်ဆေးခြင်းနှင့် e-commerce ပလက်ဖောင်းများမှတစ်ဆင့် ရောင်းချထားသော ကုန်စည်များ ကို စစ်ဆေးခြင်း စသည်တို့ကို အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် တင်းကျပ်စွာ စစ်ဆေးခြင်း အပါအဝင် ဥပဒေပြဌာန်းချက်များကို တင်းကျပ်စွာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ အမည်နာမများ နှင့် ထိုင်းနိုင်ငံသားကို ရှယ်ယာပိုင်ဆိုင်သူအဖြစ် အသုံးပြုထားပါက လိုအပ်သော အချက်အလက်များ တင်ပြပေးနိုင်ရန် ထိုင်းဥပဒေအဖွဲ့အစည်းများသို့ စစ်ဆေးသွားမည် ဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် ဘဏ္ဍာရေးအခြေအနေများကိုလည်း ပြသပေးရန် ဘဏ်များသို့ တောင်းခံစစ်ဆေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

ဒုတိယအစီအမံအရ ထိုင်းဈေးကွက်အတွင်းသို့ အရည်အသွေးနိမ့်ပစ္စည်းများဝင်ရောက်မှုကို ကာကွယ်ရန် ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်များက ဥပဒေရေးရာ ကိစ္စရပ်များနှင့် အခွန်ကိစ္စရပ်များ ကို စစ်ဆေးနိုင်ရန်အတွက် နိုင်ငံခြား e-commerce လုပ်ငန်း ဆောင်ရွက်သူများသည် ထိုင်းနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ရန် လိုအပ်သည့် ဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတစ်ရပ်ကို Electronic Transactions Development Agency က မူကြမ်းရေးဆွဲလျက်ရှိပါကြောင်း၊ Thai Industrial Standards Institute က မဖြစ်မနေလိုအပ်သော စံနှုန်းများအောက်တွင် ထိန်းချုပ်မည့် ကုန်ပစ္စည်းအရေအတွက်ကို တိုးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

တတိယအစီအမံသည် နိုင်ငံခြား e-commerce လုပ်ငန်း ဆောင်ရွက်သူများသည် ထိုင်းနိုင်ငံ အတွင်း၌ ပစ္စည်းများ ရောင်းချပါက VAT မှတ်ပုံတင်ကို ပြည်တွင်းအခွန်ဦးစီးဌာနတွင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွးရေးလုပ်ငန်းများကို မြှင့်တင်သည့် အဖွဲ့အစည်း များက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည် ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ နောက်ဆုံးအစီအမံမှာ အဓိက ကုန်သွယ်ရေးမိတ်ဖက်များဖြစ်သော တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့သည့် ထိုင်းပို့ကုန်များကို e-commerce ပလက်ဖောင်းမှတစ်ဆင့် မြှင့်တင်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းထုတ်လုပ်သူများနှင့်စားသုံးသူများကို သိသိသာသာထိခိုက်စေသည့် တင်သွင်းကုန်စည်များကို ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့်ထုတ်လလုပ်မှုကဏ္ဍများအဖြစ် အမျိုးအစားခွဲထားပါ ကြောင်း၊ ကုန်စည်များတွင် အစားအစာ၊ ဟင်းသီးဟင်းရွက်များ၊ အသီးများ၊ အဝတ်အစား၊ အလှကုန် ပစ္စည်းများ၊ ပရိဘောဂ၊ ကျောက်မျက်နှင့် အလှဆင်ပစ္စည်းများ၊ ပလတ်စတစ် ပစ္စည်းများ၊ ဓာတုပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများ၊ ကြွေထည်များနှင့် လက်မှုပစ္စည်းများ၊ ဝန်ဆောင်မှုများတွင် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်လုပ်ငန်းများ၊ လက်လီနှင့် လက်ကား၊ ကုန်လှောင်ရုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာနှင့် စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News