Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဧြပီလ (၂၂) ရက် နေ့မှ (၂၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Last Updated:

      ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၂.၅၅၄) ဒေါ်လာသန်း၊ သွင်းကုန်(၁၁.၄၃၅)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၁၃.၉၈၉) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့မှ (၂၈)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၁.၅၂၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၁၈) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၉၄၇) ဒေါ်လာ သန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၁.၀၂၅)‌ဒေါ်လာသန်း ပိုမိုခဲ့ပြီးသွင်းကုန်တွင်(၁၁.၀၁၇)ဒေါ်လာသန်းပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် (၁၂.၀၄၂) ဒေါ်လာသန်းပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

       ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေပဲဆံ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဆီးဖြူသီးခြောက်၊ ချင်း(စို)၊ ရော်ဘာကြမ်း၊ ဝဥခြောက်၊ ကြက်သွန်နီ၊ ကြက်ဆူဆီ၊ သတ္တုနှင့်သတ္တုရိုင်း၊ ETHYL ALCOHOL 96% ၊ MYANMAR BEER BOTTLEတို့ တင်ပို့မှုပိုမိုခဲ့ပြီးသွင်းကုန်ပိုင်းတွင် လုပ်ငန်းသုံးပစ္စည်းအုပ်စု၊ ရင်းနှီးမြှုပ်နှံမှုအုပ်စုနှင့် လူသုံးကုန်အုပ်စု တို့ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                        

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Source: https://www.commerce.gov.mm

Category: Local News