Local News

အင်ဒိုနီးရှား စားအုန်းဆီကြမ်း ကုန်စည်ဒိုင်မှတစ်ဆင့်သာ ပြည်ပသို့ရောင်းချရန်စီစဉ်

Last Updated:

အင်ဒိုနီးရှားသည် စားအုန်းဆီကြမ်း တင်ပို့မှုကို ဇွန်လမှ စတင်ကာ ကုန်စည်ဒိုင်မှတစ်ဆင့်သာ ပြည်ပသို့ ရောင်းချရန် စီစဉ်နေသည်။ ကမ္ဘာ့စားအုန်းဆီအများဆုံးတင်ပို့သည့် အင်ဒိုနီးရှား နိုင်ငံသည် နိုင်ငံ၏ကိုယ်ပိုင်စံဈေးနှုန်းတန်ဖိုး ပေါက်လာစေရန်အတွက် စားအုန်းဆီကြမ်းတင်ပို့မှုကို ကုန်စည်ဒိုင်တွင် ကြိုပွိုင့် အရောင်းအဝယ်မှုမှ  ဆောင်ရွက်ရန် စီစဉ်နေကြောင်း ကြိုပွိုင့် ကုန်စည်ဒိုင်မှ အကြီးအကဲ Didid Noordiatmoko က ပြောကြားခဲ့သည်။ ဇွန်လတွင် စတင်ရန် ရည်မှန်းထားသည့် စားအုန်းဆီကြမ်း ရောင်းဝယ်ရေး အစီအစဉ်အသစ်ကို အာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။

  “ကြိုပွိုင့် ရောင်းဝယ်မှုများကနေတစ်ဆင့် စားအုန်းဆီကြမ်း တင်ပို့မှုကို ဆောင်ရွက်သွားမယ်” ဟု ၎င်းက စားအုန်းဆီလုပ်ငန်းဖိုရမ်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့ရောင်းချသူ အများစုသည် ကုန်စည်ဒိုင်မှတစ်ဆင့် ရောင်းချခြင်းမပြုကြဘဲ ဝယ်သူများနှင့် တိုက်ရိုက်ချိတ်ဆက် ရောင်းချကြသည်။ နိုင်ငံပိုင်ကုန်သွယ်ရေး ကုမ္ပဏီ KPB Nusantara က လေလံပစ်သော်လည်း လက်ထဲ ရှိနေသည့် စားအုန်းဆီကိုသာ လေလံတင်ခြင်း ဖြစ်ပြီး ကြိုပွိုင့် ရောင်းချခြင်း မပြုပေ။ သန့်စင်ပြီး စားအုန်းဆီများကို တိုက်ရိုက် တင်ပို့ခွင့် ပြုမည်ဟု Didid က ပြောကြားသည်။ စားအုန်းဆီကြမ်းကိုမူ  ကုန်စည်ဒိုင်တွင် ကြိုပွိုင့် အရောင်းအဝယ်ပြုပြီး ဝယ်ယူရမည်ဟု Didid က ဆိုသည်။

Source: Reuters

https://www.foodindustrydirectory.com.mm

Category: Local News