Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု အခြေအနေ

Last Updated:

          ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက် နေ့အတွင်း ကန်ပိုက်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ မြေထောက်ပဲ၊ ဆန်၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းနက်၊ ကြိမ်၊ ငရုတ်သီး၊ ဖရဲသီးနှင့် ဆန်ကွဲများတင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၈၈၉၃၄၃၅.၂၃ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် မှ ၂၄ ရက်နေ့ထိ တင်ပို့ကုန်၏ငွေပမာဏ ၆၄၁၁၂၁၉.၉၄ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၄၈၂၂၁၅.၂၉ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရ ပါသည်။

       သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်နေ့ အတွင်း စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ကုန်ထုတ်စက္ကူများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ သားရေ/ သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ချည်ထည်များ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ သံပိုက်၊ မြက်ခင်းတုနှင့် Empty Cargo Containner 45’ Feet များ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏ တန်ဖိုးမှာ ၈၇၈၉၄၉.၈၄ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၄၈၄၃၈၅.၂၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၉၄၅၆၄.၆၄ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရ ပါသည်။
        တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၈၀၁၄၄၈၅.၃၉ ကန်ဒေါ်လာ ပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၃၂ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁.၂၀ ကျပ် ရှိကြောင်းသိရှိရပါသည်။

  

 

                                                                                                                                                                                မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News