Local News

ပြည်ပပို့ကုန်အလားအလာရှိသော ထုတ်ကုန်အုန်းသီးဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

ပြည်ပပို့ကုန်အလားအလာရှိသော ထုတ်ကုန် အုန်းသီး ဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို ၁၂-၄-၂၀၂၄ ရက်နေ့၊ ၁၃:၃၀နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်း ပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ဒုတိ ယညွှန်ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများစုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ်မြို့၊ တာဝန်ခံက ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်အလားအလာရှိသော အမည်ဖြစ်သည့် အုန်းသီးပို့ကုန်ဈေးကွက်အလာအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများမှသိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ၁၄:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News