Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဧပြီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံ များ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူ‌၊ နှမ်းညို ဈေးနှုန်းများ ဈေးငြိမ်၍ ဈေးအနည်းငယ်ကျဆင်းနေပြီး နှမ်းနက်ဈေးကျဆင်း၍ နှမ်းဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက် နေကြောင်းသိရသည်။ ဧပြီလ ဒုတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၃၀၀၀)ကျပ်ဖြစ်ကာ ယခင် အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၄၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်း လျှင် (၁၁၅၀၀၀-၁၂၁၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၅၀၀၀ ) ကျပ်ရှိ၍ယခင်အပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းညို ဈေးငြိမ်၍  နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀)ကျပ် ကျဆင်း နေပြီး နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀) ကျပ် မြင့်တက်နေကြောင်းသိရသည်။

ဧပြီလ ဒုတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၉၀၀-၇၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀)ကျပ်ရှိပြီး  ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၂၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်၊ ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ် တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၆၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News