Local News

မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့်

Last Updated:

       ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ မြို့တွင်း သုံး နှင့် နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၇၅၀၀၀ ကျပ်မှ ၇၂၀၀၀ ကျပ် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၇၉၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ မနောသုခဆန်မှာ မြို့တွင်းအများသုံးဆန်ဖြစ်ခြင်းကြောင့် ၆၁၀၀၀ ကျပ် ၆၂၀၀၀ ကျပ်သို့ ဈေးမသိ မသာမြင့်သွားသည်။ 

    ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမားအဝယ်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် ယခင် အပတ်တစ်အိတ် ၅၇၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ဇီယာဆန်မှာ အဝင်နည်းသွားခြင်း၊ ပင်ရင်းဈေးမြင့်ခြင်း ကြောင့် ယခင်အပတ် ၅၇၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ အသစ်များ အဝင်များလာခြင်းကြောင့် အသစ်တစ်အိတ် ၇၇၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ် အဟောင်း တစ်အိတ် ၈၅၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ မန္တလေးဈေးကွက်မှ ဆန်မျိုးစုံကို မန္တလေးဝန်းကျင်အမှာရှိသော မြို့များ၊ ဗန်မော်၊ ကွပ်ခိုင် သို့ တင်ပို့မှုရှိပြီး ရွှေဘိုမှ မန္တလေးဆန်တစ်အိတ် ၁၀၀၀ မှ ၁၂၀၀ ကျပ် ရန်ကုန်မှ မန္တလေး ၂၂၀၀ ကျပ်ခန့် သယ်ယူစရိတ်ရှိသည်။ 

Source:Market Information Service- DOP- MOALI

Source: https://www.foodindustrydirectory.com.mm/food-industry/cuisine/myanmar/item/5899-mandalay-rice-17-march.html

Category: Local News