Local News

ပြင်ဦးလွင်မှာစိုက်ပျိုးတဲ့ ကမ္ဘာ့အထူးတန်းဝင်ဂေးရှားကော်ဖီ စံချိန်တင်ဈေးကောင်းနေ

Last Updated:

        မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စိုက်ပျိုးတဲ့ ကမ္ဘာ့အထူးတန်းဝင် ဂေးရှားကော်ဖီ အခုနှစ်မှာ စံချိန်တင် ဈေးကောင်းရနေပြီလို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။အဆိုပါကော်ဖီက ကုန်းမြင့်ကော်ဖီ အမျိုးအစားဖြစ်ပြီး အခုနှစ် ကော်ဖီဆွတ်ခူးချိန်မှာ အခြားအမျိုးအစားကော်ဖီတွေက တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၆ ဒေါ်လာသာရပေမယ့် ဂေးရှားကော်ဖီကတော့ တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၂၀ အထိ ဈေးရတယ်လို့ သိရပါ တယ်။

     “ဒီနှစ် ဂေးရှားကော်ဖီကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ဝယ်တာ စံချိန်တင်ဈေးကောင်းရတာပါ။ ပြင်ဦးလွင်မှာ လည်း ၁၀ ဧကအောက်လောက်ပဲစိုက်ထားတယ်။ ဂေးရှားကော်ဖီမျိုးက ကမ္ဘာ့အကောင်းဆုံး ကော်ဖီနိုင်ငံခြားက တင်သွင်းတာတဲ့မျိုးဖြစ်ပြီး မူရင်းနိုင်ငံကတော့ ပနားမားကပါ”လို့ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အထူးတန်းဝင်ကော်ဖီကို ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချလေ့ရှိပြီး ထိုင်းနိုင်ငံကိုတော့ ကော်ဖီစိမ်းအဓိကတင်ပို့တယ်လို့ သိရပါတယ်။ကော်ဖီရာသီအချိန်အတွင်း ပြည်ပက အော်ဒါမှာယူတဲ့ အထူးတန်းဝင်ကော်ဖီတွေကို ဧပြီလနဲ့ မေလအတွင်း စတင်တင်ပို့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာအထူးတန်းဝင်ကော်ဖီတွေကို အဓိကအားဖြင့် ပြင်ဦးလွင်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စိုက်ပျိုးလေ့ရှိတယ်လို့ သိရပါတယ်။

Source: ထွက်တိုး

Category: Local News