International News

e-Visa (Business) ရယူထားသည့်နိုင်ငံခြားသားများအနေဖြင့် Online e-Stay Extension ဖြင့် ဗီဇာသက်တမ်းတိုးနိုင်

Last Updated:

မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ  လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ကမ္ဘာ့လှည့်ဗီဇာ e-Visa (Tourist) နှင့် လုပ်ငန်းဗီဇာ e-Visa (Business) တို့ကို ၁-၉-၂၀၁၄ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ပါသည်။

ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှုနှုန်း ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ ဝင်/ထွက်သွားလာမှု လွယ်ကူ ချောမွေ့စေရန် ၁-၄-၂၀၂၂ ရက်နေ့မှ စတင်၍ e-Visa (Business) ကိုလည်းကောင်း၊ ၂၀-၅-၂၀၂၂ ရက်နေ့မှ စတင်၍ e-Visa (Tourist) ကိုလည်းကောင်း သတ်မှတ်ချက်များနှင့်အညီ အပြည်ပြည် ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်နိုင်ရေးအတွက် ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရှိရပါ သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ e-Visa (Business) ရယူကိုင်ဆောင် ပြီး မြန်မာနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်သူ နိုင်ငံခြားသားများအနေဖြင့် e-Stay Extension (Stay & SRV/MJSRV) ကို Online ဖြင့် သက်တမ်းတိုးနိုင်ပါကြောင်းနှင့် e-Stay Extension Website (http://estay.moip.gov.mm) တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း သတင်းရရှိပါသည်။

https://mitc.myantrade.gov.mm/post/International%20News

MITC News

Category: International News