Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်း နှိုင်းယှဉ်မှု

Last Updated:

     ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၇ ရက်နေ့ အတွင်း ကန်ပိုက်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲယင်း၊ နှမ်းနက်၊ ပဲတီစိမ်း၊ ကြံ၊ နိုင်လွန်ပဲ၊ ပြောင်း၊ ရွှေဖရုံသီးနှင့် ဆန်ကွဲများတင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၃၄၆၈၅၈၁.၅၅ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့ ထိ တင်ပို့ကုန်၏ငွေပမာဏ ၁၀၁၄၆၅၀၆.၈၇ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၆၆၇၇၉၂၅.၃၂ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။
    သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၇ရက်နေ့အတွင်း လယ်ထွန်စက်များ၊ ကုန်ထုတ်စက္ကူများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ချည်ထည်များ၊ အခြားစက္ကူများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတု၊ ရော်ဘာပိုက်၊ Empty Cargo Container 45’ Feet နှင့် ပလပ်စတစ်ခြင်းတောင်းများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၆၀၀၁၇၀.၄ တင် သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၆၅၅၂၅၁.၁ ကန်ဒေါ်လာ နှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၅၅၀၈၀.၇ ကန်ဒေါ်လာ တန်ဖိုးလျော့နည်း ၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
    တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၈၆၈၄၁၁.၁၅ ကန်ဒေါ်လာပိုမိုပြီး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများ အရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၇ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၅.၈၁ ကျပ် ရှိကြောင်းသိရှိရပါသည်။

                                                                                                                                                          (ဌေးလှိုင်၊ ဦးစီးအရာရှိ)
                                                                                                                                                      မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News