Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၁၃-၃-၂၀၂၃ မှ ၁၇-၃-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၁၉၃၂၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop)ကျပ် ၂၁၈၆၅၀၀ နှင့် ပဲစင်းငုံ Red/RC (2022 Crop)ကျပ် ၂၂၂၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2022 Crop)ကျပ် ၇၅၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop)ကျပ် ၁၀၆၅၀၀  နှင့် ပဲစင်းငုံ Red/RC (2022 Crop)ကျပ် ၅၈၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀)၊ မတ်ပဲ SQ/RC (2022 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) နှင့် ပဲစင်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)  စုစုပေါင်း ကွန်တိန်နာ ၁၆၅ လုံး (တန်ချိန် ၃၉၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2022 Crop) ကွန်တိန်နာ ၁၂၀ လုံး (တန်ချိန် ၂၈၈၀) နှင့် Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)  စုစုပေါင်း ကွန်တိန်နာ ၁၃၅ လုံး (တန်ချိန် ၃၂၄၀)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

         ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၀၅၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၀၅၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၃၀၀၀၊ဆင်ဖြူကျွန်း (ပု)ကျပ် ၁၄၅၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၅၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆင်ဖြူကျွန်း(ပု)ကျပ် ၁၅၀၀ နှင့် မြစ်ဝ(ပု)သစ်ကျပ် ၁၀၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ်ဈေးများ ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည်အိတ်ပေါင်း ၁၂၃၀၀ (၂၄၆၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၂၂၀၀ (၃၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ် ရှည်အိတ်ပေါင်း ၇၁၀၀ (၁၄၂၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည်အိတ်ပေါင်း ၅၂၀၀ (၁၀၄၀၀၀ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၂၅၀ (၁၈၇၅၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

        ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ်(သစ်)ကျပ် ၁၉၀၀၊ မန်ကျည်းအသား(သစ်)ကျပ် ၂၉၀၀ နှင့် ရမည်းသင်း ဒါးဇင်း(သစ်)ကျပ် ၁၇၅၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်ဈေးများ ငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

 

           ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)ကျပ် ၂၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၂၉၅၀၊ ပခုက္ကူကြမ်းကျပ် ၂၇၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၆၀၀၊ ကြံသကာ(စစ်)ကျပ် ၂၆၅၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၃၀၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြံသကာ (စစ်)ကျပ် ၅၀ မြင့်တက်ခဲ့ပြီး ညောင်ဦးဆေးရှယ်(ထန်း)ကျပ် ၁၅၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၂၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

 

                                                                                                                                                                                                 SSMaw (Domestic (Ygn) MITC

Category: Local News