Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မေလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၇.၀၀၀) သန်းဖြစ်ပြီး (၁၈-၅-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၀.၆၅၀)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၆၂.၆၄၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၀၁၇.၇၁၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၁၃၃) သန်းနှင့် သွင်းကုန် (၁၈၃၆.၅၈၀) တန်၊ (၃၁၉၄)U ၊(၇၁၀၇၀)2U၊ (၄၃၉၇၉) M2၊ (၂၄၈၄.၆၇၇) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၃၇၉) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂.၅၁၂) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့်၂၀၂၄ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၁၃၁၄.၉၂၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၉၉၆) သန်း၊ သစ်တောထွက်ကုန်ပစ္စည်းအုပ်စုတွင် (၃၂.၀၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၄) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၆၇၀.၇၉၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၁၃၃)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ(၁.၁၃၃)သန်း တင်ပို့နိုင်ခဲ့ပါသည်။

Source: https://www.commerce.gov.mm

Category: Local News