Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့် (၁) တန်လျှင် ၈၉၇ ဒေါ်လာနှုန်းဖြင့် ၇၅၀ တန် ၊ တန်ဖိုး ၀.၆၇၃ ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁) တန် လျှင် ၁၈၂၀ ဒေါ်လာနှုန်းဖြင့် ၂၈.၈ တန် ၊ တန်ဖိုး ၀.၀၅၂ ဒေါ်လာသန်း၊ မုတ်ခွံ (၁) တန်လျှင် ၁၇၀၂ ဒေါ်လာနှုန်းဖြင့် ၂၇ တန်၊ တန်ဖိုး ၀.၀၄၆ ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့တင်ပို့နိုင်ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး ၀.၇၇၁ ဒေါ်လာသန်းအား တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁)တန်လျှင် ၈၇၁.၆ ဒေါ်လာနှုန်းဖြင့် ၁၈၀၀ တန်၊ တန်ဖိုး ၁.၅၆၉ ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် ၉၅၆ ဒေါ်လာနှုန်းဖြင့် ၃၀၀ တန်၊ တန်ဖိုး ၀.၂၈၇ ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၄၃၀.၅၆၈ တန်၊ ၁၃၁၁၃၁ M2၊ (၁၄၆၀၆) U၊ တန်ဖိုး ၀.၃၇၉ ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း ၄၃.၄၂၈ တန်၊ (၂၄) U၊ တန်ဖိုး ၀.၁၆၄ ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး ၂.၃၉၉ ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။

Source: https://www.commerce.gov.mm

Category: Local News