Local News

ပြည်ပပို့ကုန် အလားအလာရှိသောထုတ်ကုန် နာနတ်သီးဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

ပြည်ပပို့ကုန်အလားအလာရှိသောထုတ်ကုန် နာနတ်သီးဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံ နှင့်ဝန်ထမ်းများ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့၊ တာဝန်ခံက ကချင်ပြည်နယ်၏ ပြည်ပပို့ကုန်အလားအလာရှိသော အမည်ဖြစ်သည့် နာနတ်သီး ပို့ကုန်ဈေးကွက် အလားအလာအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၄:၅၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News