Local News

ကန်စွန်းဥ စိုက်တောင်သူများ ယခင်နှစ်ကဲ့သို့ စျေးကောင်းရရှိအဆင်ပြေနေ

Last Updated:
ရွှေမန်း
        ကန်စွန်းဥဈေးကွက်မှာ ယခုနှစ်တွင် တစ်ပိဿာကျပ် ၁၀၀၀ ထိ အခင်းဈေးရရှိတာကြောင့် ယခင်နှစ်အတိုင်း ဆက်လက်ဈေးကောင်းနေရာ ဧရာဝတီမြစ်ကျွန်းစိုက်ခင်းများတွင်စိုက်ပျိုးသော တောင်သူများ အဆင်ပြေကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်းကျေးရွာတောင်သူများထံက သိရ သည်။ ဧရာဝတီမြစ်ရေစတင်ကျဆင်းသည့် သီးတင်းကျွတ်လကတည်းက ကုန်စွန်းဥက်ို  စတင်စိုက်ပျိုးပြီး သုံးလခွဲခန့်ကြာ ဇန်နဝါရီလမှ  မတ်၊ဧပြီထိ ကန်စွန်းဥ လှိုင်လှိုင်ပေါ်လေ့ပြီး ယခင်က တစ်ပိဿာ ကျပ် ၉၀၀ ခန့်သာ ပေါက်ဈေးပြီး ယခုနှစ်တွင် တစ်ပိဿာကျပ် ၁၀၀၀ထိအခင်းဈေးရရှိကြောင်း သံဘ်ိုကျွန်းကျေးရွာ မှာ ဦးခင်မောင်ရင်က မန္တလေးနေ့စဉ်ကို ပြောသည်။
      “မနှစ်ကလည်းစျေးကောင်းရသလို ဒီနှစ်က ကန်စွန်းဥဈေးက ဆက်ဈေးကောင်းနေတော့ ကန်စွန်းဥစိုက်တောင်သူတွေ ပိုအဆင်ပြေလာပါတယ်။ မနှစ်ကလို ဈေးကတစ်ပိဿာ ၉၀၀-၁၀၀၀ နှစ်ဆဖြစ်လာတော့ တွက်ခြေပိုကိုက်တယ်။တစ်ဧကကို ကုန်ချိန် ၃၀၀၀ -၄၀၀၀ လောက်ထွက်တယ်။ လက်ရှိပေါက်ဈေးနဲ့ ဆို  ၃၀-၄၀သိန်းလောက် ရတယ်  ”ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် ဧရာဝတီမြစ်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥ အပါအဝင်၊ မြေပဲ၊ မုံညှင်း၊ နံနံ၊ ချဉ်ပေါင်၊ မုန်လာဥ၊ ဗူးသီး၊ သခွားသီး ကြက်ဟင်းခါးသီး ၊ခရမ်းသီး စသည့် စားဖိုးဆောင်သီးနှံများကို အဓိကထားစိုက်ပျိုးပြီး မန္တလေးကုန်ဈေးတန်းဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရသည်။
Source: မကွေးဂျာနယ်
Category: Local News