Local News

ဆက်တက်သလို ကျဆင်းသွားသည့် မတ်ပဲစျေး ပြန်တက်လာ

Last Updated:
      အိန္ဒိယမှ လိုအပ်ချက်ရှိလာသည့် အတွက် ဆက်တက်သလို ကျဆင်းသွားသည့် ပြည်တွင်းမတ်ပဲစျေး ပြန်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။ အိန္ဒိယတွင် ရာသီဥတုအပါအဝင် တခြားအကြောင်းအမျိုးမျိုးကြောင့် ပဲအထွက်နှုန်း နည်းခဲ့၍ မြန်မာပဲများ ဝယ်ယူလာသည့်အတွက် ပြည်တွင်းမတ်ပဲစျေးနှုန်း များ ပြန်လည် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။ 
 
    “ဆက်တက်ကျသွားတဲ့ မတ်ပဲစျေး ပြန်တက်လာတယ်။ ဒီဘက်မှာ လည်းပစ္စည်းက တကယ်မထွက်ဘူး၊ ထွက်တဲ့ အချိန်မလို့ကျတာ၊ ဒီဘက်မှာ ပေါ်နေတဲ့ အချိန်ရောင်းတော့ ကျသွားတယ် ၊တကယ်သိပ်ထွက်မလာတော့ ပြန်တက်လာတာ။ အိန္ဒိယဘက်မှာလဲ အထွက်လျော့တယ်။ အဓိက အိန္ဒိယ လိုချက်ပါပဲ။ “ ဟု အောင်လံ မြို့မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။

       လက်ရှိ ရန်ကုန်စျေး မတ်ပဲ  တစ်တန်လျှင်   ယခင်က   ၁၈သိန်း ၃သောင်းထိ   ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး သိန်း၂၀ နှင့် ၅သောင်းအထိ  ပြန်တက်  လာခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းအပြင်လက်ရှိ ပဲစိမ်းငုံ တစ်တန်လျှင် ၂၄သိန်း အထိ ပေါက်စျေးရှိ ကြောင်းသိရသည်။

 

 

     “အိန္ဒိယ က ပဲတင်သွင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားတယ်။ FOB က ထပ်တက်ဖို့ရှိ တယ် ။ လက်ရှိ မတ်ပဲFOB စျေးက ၉၀၀ ထိ ရှိတယ်။ နောက်ထပ်၉၅၀ လောက်ထိ ထပ်တက်ဖို့ရှိတယ် “ ဟု ပဲ ပြည်ပ တင်ပို့သူတစ်ဦး ကပြောသည်။

ပြည်ပ ပေါက်စျေး FOB အနေဖြင့်  မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ခန့်ထိရှိကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းပဲအထွက်နှုန်း မှာ သွင်အားစုစျေးနှုန်းတွေ မြင့်တက်နေမူ နှင့် တခြား ပြည်တွင်းအခက်ခဲများကြောင့်  စိုက်ဧက များ လျော့ကျ   လျက်ရှိကြောင်းလည်းသိရသည်။ 

 

 

       မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် စျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ  ၏ ပဲတင်သွင်းမှုမူဝါဒအပေါ်မှာ လည်း အများကြီး သက်ဆိုင် ကြောင်းလည်းရှိကြောင်းသိရသည်။ 

ပြည်ပ သို့ ပဲတန်ချိန် တစ်နစ်လျှင် ပျမ်းမျှ တစ်သိန်းခွဲ ခန့်ထိ တင်ပို့လျှက်ရှိရာ ယခုနှစ် တွင် တင်ပို့မူ ကျဆင်းနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ မှ ပဲ များကို အိန္ဒိယနိုင်ငံသို့  ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေ ပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံများ ကို လည်း ပဲမျိုးစုံ တင်ပို့နေကြောင်းသိရသည်။ 

 

Source:  https://t.me/htwettoe

 
 

Category: Local News