Local News

ပြည်ပပို့ကုန် အလားအလာရှိသောထုတ်ကုန် နှမ်းဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

ပြည်ပပို့ကုန်အလားအလာရှိသောထုတ်ကုန် နှမ်းဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို ၃၀-၄-၂၀၂၄ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ညွန့်ညွန့်စိန် (ဦးစီးအရာရှိ)က မကွေးတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်အလားအလာရှိသော အမည်ဖြစ်သည့် နှမ်းပို့ကုန်ဈေးကွက်အလာအား ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆွေးနွေးပွဲ တက်ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ၁၂:၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News