Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၂-၄-၂၀၂၄ မှ ၂၆-၄-၂၀၂၄) အတွင်း ပဲနှင့်အခြားကုန်စည် ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၂၀၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃,၄၉၀,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၁၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၁၅၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၂၅,၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၂၀၀,၀၀၀ အသီးသီးဈေး ကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၂၅လုံး (တန်ချိန် ၃၀၀၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၄၅ လုံး (တန်ချိန် ၃၄၈၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀)ပိုမို့ဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) လျော့နည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၄၈၀၀၊ မြားနီ ကျပ် ၄၈၀၀၊ ပန်းတနော်ရှည် ကျပ် ၄၂၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၉၀၀၀ နှင့် မြစ်ဝပု ကျပ် ၉,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၃၀၀၊ မြားနီ ကျပ် ၈၀၀၊ ပန်းတနော်ရှည် ကျပ် ၂၀၀ နှင့် မြစ်ဝ(ပု)  ကျပ် ၅၀၀ အသီးသီး ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၆၅၀၀ (၁၃၀,၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၄၀၀  ( ၂၁၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၀၀၀ (၄၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀ (၄၅၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၅၀၀ (၉၀,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၁၀၀( ၁၆၅၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီး ဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 
 ထန်းလျက်၊ ကြံသကာနှင့် သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၆၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၂၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၆၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၀၀၀၊ ကြံသကာ ကျပ် ၃၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၆၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး)  ကျပ် ၁၀၀ ၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၂၀၀ နှင့် ကြံသကာ ကျပ် ၁၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက် ရှိသည်။  

ကြက်သွန်နီ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မြစ်သားမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၃၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၃၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၇၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၂၅၀၀၊ မြစ်သားလတ်ကြီး ကျပ် ၂၄၅၀၊ မြစ်သားလတ်သန့် ကျပ် ၂၃၅၀ နှင့် မြစ်သားလတ်ချော ကျပ် ၁၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၀၀၊ မြစ်သားသစ်ရှယ် ကျပ် ၁၀၀၊ မြစ်သားလတ်ကြီး ကျပ် ၅၀ ဈေးမြင့်တက်ခဲ့ပြီး၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၀၀၊ မြစ်သားလတ်သန့် ကျပ် ၅၀ ဈေး ကျဆင်းခဲ့သည်။ ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က  ကားစီးရေ ၁၃၀ စီး (၇၈၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၆၀ စီး (၉၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၀ စီး(၁၈၀,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ် နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၂၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၆၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၇၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၇၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၅၀၀ အောင်ပန်းထူး-၂  ကျပ် ၃၀၀၊ အောင်ပန်းထူး-၃ ကျပ် ၃၀၀၊ အောင်ပန်းထူး-၄ ကျပ် ၃၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၃၅၀၀ (၁၀၅၀,၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူ အိတ် ၆၁၀၀ (၁၈၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ အိတ် ရေ ၂၆၀ (၇၈,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူး တစ်ပိဿာ ဈေးနှုန်းများမှာ ဟဲဟိုး A1 ကျပ် ၁၇၀၀ ၊ ဟဲဟိုး OK ကျပ် ၂၁၀၀ ၊ ဟဲဟိုး S1 ကျပ် ၂၁၀၀၊ ဟဲဟိုး S2 ကျပ် ၁၇၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း ဟဲဟိုး A1 ကျပ် ၃၀၀ ၊ ဟဲဟိုး OK ကျပ် ၃၀၀ ၊ ဟဲဟိုး S1 ကျပ် ၃၀၀၊ ဟဲဟိုး S2 ကျပ် ၃၀၀ အသီးသီး ဈေးကျဆင်းခဲ့သည်။ ကုန်စည်ဒိုင်သို့ အာလူးဝင် ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၂၆စီး (၁၅၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၇၀ စီး (၄၂၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင်း ယခင်အပတ်ထက် ကားစီးရေ ၄၄ စီး (၂၆၄၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)
 

Category: Local News