International News

start-ups လုပ်ငန်းများအတွက် ငှားရမ်းခ အခမဲ့ဆိုင်ခန်းများ လုပ်ကိုင်ခွင့်ပေးသွားမည့် ဟောင်ကောင်ဒေသ

Last Updated:

အိမ်ရာအဆောက်အဦ အာဏာပိုင်အဖွဲ့အစည်းမှ အသက် ၃၅ နှစ်အောက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် ဈေးဝယ်စင်တာများတွင် ငှားရမ်းခ အခမဲ့ဖြင့် ဆိုင်ခန်းများ ဖွင့်ခွင့်ပြုမည့် Well Being·Start-Up programme အစီအစဉ်ကို စတင်ခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် “Hong Kong offers rent-free shop premises for start-ups” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အဆိုပါ အစီအစဉ်အရေ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဆိုင်ခန်း ၁၀ ခန်း အထိ ငှားရမ်းခ အခမဲ့ဖြင့် ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် လုပ်ငန်းများ အနေဖြင့် ဆိုင်ခန်းငှားရမ်း ပေးဆောင်ရန် မလိုအပ်သကဲ့သို့ အခြေခံ ဆိုင်ခန်းပြင်ဆင်ခြင်းနှင့် marketing လုပ်ဆောင်မှုများအတွက် အကူအညီများ ရရှိနိုင်မည်ဖြစ်ကြောင်း အိမ်ရာအဆောက်အဦ အာဏာပိုင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြ ထားပါသည်။

ဆိုင်ခန်းဖွင့်လှစ်ခွင့်ရရှိသူများ၏ လုပ်ငန်းစွမ်းဆောင်မှုကို ပုံမှန်သုံးသပ်သွားမည်ဖြစ်ပြီး၊ အဆိုပါ ဆိုင်ခန်းဖွင့်လှစ်မှုကြောင့် အမြတ်အစွန်းရရှိပါက အသားတင်အမြတ်၏ ၂၀ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် ကောက်ခံသွားမည်ဖြစ်ပြီး ထိုသို့ကောက်ခံရရှိငွေများကို ယခုအစီအစဉ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် စွန့်ဦးတီထွင် အိမ်မက်များကို စတင်အကောင်အထည်ဖော်မည့် လူငယ်များအား အကူအညီပေးနိုင်ရန် မျှော်လင့်ထားသည် ဟု အိမ်ရာအဆောက်အဦအာဏာပိုင်အဖွဲ့အစည်း ဥက္ကဋ္ဌ Winnie Ho က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အစီအစဉ်အတွက် လျှောက်ထားမှုများကို ဩဂုတ်လ ၁ ရက်နေ့တွင် စတင်လက်ခံသွား မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် လုပ်ငန်းစီမံချက်များကို ဩဂုတ်လ ၃၁ ရက်မတိုင်မီ တင်ပြသွားရမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။  

 

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News