ဗီယက်နမ်နိုင်ငံသည် ယခုနှစ် စက်တင်ဘာ ၁၅ ရက်အထိ စုစုပေါင်း ကားအစီးရေ ၁၁၄,၈၅၅ စီး တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံ ရှိကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
အဆိုပါကိန်းဂဏန်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၂၄.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၉.၂၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။
စက်တင်ဘာလဝက်တွင် အမေရိကန်ဒေါ်လာ ၁၇၀.၈ သန်းတန်ဖိုးရှိ CBU ကား ၈,၂၆၇ စီး တင်သွင်းခဲ့ကြောင်းနှင့် ဗီယက်နမ်သို့ အဓိက ကားတင်သွင်းသည့်နိုင်ငံများမှာ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်တို့ဖြစ်ကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားသည် ဩဂုတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၆၄၂.၂၄ သန်းတန်ဖိုးရှိ ကားအစီးရေ ၄၃,၈၁၀ တင်ပို့ခဲ့ပြီး အကြီးမားဆုံးရောင်းချသူဖြစ်လာခဲ့သည်။
၎င်းနောက်တွင် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၅၆.၆၄ သန်းတန်ဖိုးရှိ ကားစီးရေ ၃၉,၁၀၁ စီးနှင့် တရုတ်နိုင်ငံမှ ကားစီးရေ ၁၉၆၄၉ စီးတင်သွင်းခဲ့ပြီး အမေရိဒေါ်လာ ၅၈၂ သန်းဖိုး ရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)