International News

ဟောင်ကောင်ဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ ၁၃ စောင် လက်မှတ်ရေးထိုး

Last Updated:

နှစ်ဖက်အကြား စီးပွားဆက်သွယ်မှုမြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့် အလမ်းသစ်များ ရှာဖွေရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဟောင်ကောင်ဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ ၁၃ စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့တွင် “HK, Cambodia sign 13 MoUs to boost trade and investment” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

နှစ်ဖက်ချုပ်ဆိုသော နားလည်မှုစာချွန်လွှာများတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ကုန် သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ လေကြောင်းသွားလာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍများနှင့်စပ်လျဉ်း၍ ချုပ်ဆိုခဲ့ပါသည်။ “ဟောင်ကောင် ဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်နှင့် လုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ လာ ရောက်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်မည့် အခွင့်အလမ်း များ ရှာဖွေခြင်းဖြစ်သည်” ဟု ဇူလိုင်လ ၃၀ နှင် ၃၁ ရက်နေ့တို့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ အဆင့်မြင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။

ဟောင်ကောင်ဒေသသည် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများအတွက် ကွမ်တုံ-ဟောင်ကောင်-မကာအို မဟာပင်လယ်ကွေ့ဒေသနှင့် တရုတ်ပြည်မ ၏ တိုးတက်သည့် ဈေးကွက် များသို့ဝင်ရောက်နိုင်သည့် အဓိက ချိတ်ဆက်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဒီးယားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းများအနေဖြင့်လည်း ဟောင်ကောင်ဒေသနှင့် ပူးပေါင်း၍ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရယူကြရန် ကြိုဆိုသည်ဟုပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။

Category: International News